Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမိန်းက​လေးငယ်တစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ သုံးဦးထိရှိလာ

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း၌ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ခဲ့ရာ ယခင်ကလည်း အရပ်သားပြည်သူလူထုထိခိုက်သေဆုံးမှုများ မကြာခဏရှိခဲ့သည်။

(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ - CDF-Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁၆ရက် ညနေပိုင်းတွင် လေကြောင်းမှ ဗုံး ၁၇လုံးကြဲချတိုခိုက်ခဲ့၍ ကလေးငယ်တစ်ဦးနှင့် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းထုတ်ပြန်ခဲ့သည်။ ညပိုင်းတွင် ဒဏ်ရာရသူများအနက်မှ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မင်းတပ် CDFက ယနေ့ နံနက်တွင်ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထပ်မံထုတ်ပြန်ခဲ့သည်။

(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ – CDF-Mindat)

“အကြမ်းဖက်စစ်ကောင်စီရဲ့ မင်းတပ်မြို့နယ်အတွင်းရှိအပြစ်မဲ့ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ တုက်လေယာဉ်များဖြင့်ဗုံးကြဲပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကို ကျူးလွန်လျက်ရှိပါတယ်။ ထိုစစ်ရာဇဝတ်မှု ကျူးလွန်တိုက်ခိုက်မှုကြောင့် နောက်ထပ်လူသေဆုံးမှုတွေရှိနေပါတယ်”ဟု မင်းတပ် CDF က ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အသက်(၇၀) အရွယ်အမျိုးသမီး တစ်ဦး၊ အသက်(၄) နှစ်အရွယ် ကလေး တစ်ဦးသေဆုံးသွားကာ၊အမျိုးသား နှစ်ဦး၊ အမျိုးသမီး ငါးဦး ၊စုစုပေါင်းခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများထဲမှ အသက် (၁၇)နှစ်အရွယ် မိန်းက​လေးငယ်တစ်ဦး ဧပြီ ၁၆ရက် ညပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း အသိပေးထားသည်။

(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ – CDF-Mindat)

ယမန်နေ့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် လူနေအိမ် (၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး နေအိမ် ၉လုံးပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ကျေးရွာအနီး ထပ်မံ ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း၌ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ခဲ့ရာ ယခင်ကလည်း အရပ်သားပြည်သူလူထုထိခိုက်သေဆုံးမှုများ မကြာခဏရှိခဲ့သည်။

(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်မြို့နယ် ပန်းဝါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ – CDF-Mindat)

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ မတ်လ ၃၀ရက် ချင်းပြည်နယ် ထန်တလန်မြို့နယ်ခွာဖိုရွာ လေကြောင်း တိုက်ခိုက်ခံရမှု၌ အရပ်သား ၉ဦး၊ ဧပြီ ၁၀ရက် ဖလမ်းမြို့နယ် ဝေဘူလမြို့ လေကြောင်း တိုက်ခိုက်ခံရမှု၌ အရပ်သား ၉ဦး၊ ဧပြီ ၁၁ရက် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၌ အရပ်သား ၁၆၈ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်။