Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကျဉ်းသား ၃,၀၀၀ ကျော် စစ်ကောင်စီလွှတ်ပေးမယ်

စစ်ကောင်စီ လွှတ်ပေးမယ့် အကျဉ်းသား ၃,၀၀၀ ကျော်ထဲမှာ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံ ရေးအကျဉ်းသူ ၊အကျဉ်းသား ဘယ်လောက်ပါဝင်မလဲဆိုတာ မသိရသေးပါဘူး။

အင်းစိန်ထောင်ရှေ့ မြင်ကွင်း(ပုံဟောင်း)
အင်းစိန်ထောင်ရှေ့ မြင်ကွင်း(ပုံဟောင်း)

ဒီနေ့မှာကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေက အကျဉ်းသူ ၊အကျဉ်းသား ၃,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

လွှတ်ပေးမယ့်သူတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ရင် ကြွေးကျန်ပြစ်ဒဏ်ပါ ထပ်ပေါင်းကျခံရမယ့်ခံဝန်နဲ့စစ်ကောင်စီက လွှတ်ပေးမှာပါ ။

စစ်ကောင်စီ လွှတ်ပေးမယ့် အကျဉ်းသား ၃,၀၀၀ ကျော်ထဲမှာ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံ ရေးအကျဉ်းသူ ၊အကျဉ်းသား ဘယ်လောက်ပါဝင်မလဲဆိုတာ မသိရသေးပါဘူး။

အင်းစိန်ထောင်အကျဉ်းဦးစီးအသိုင်းအဝိုင်း က သတင်းရင်းမြစ်တစ်ဦးရဲ့ပြောပြချက်အရအင်းစိန်ထောင်က လွတ်မြောက်မယ့်အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသားပါဝင်မှု မရှိသလောက်ဖြစ်မယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ လည်း အကျဉ်းသား ၁,၅၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ခဲ့ပါဘူး။

လက်ရှိနိုင်ငံတဝှမ်းအကျဉ်းထောင်တွေထဲမှာ ဆက်လက် ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၁၇,၄၆၀ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရသိရပါတယ်။