Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် အေလာတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့တိုက်ခိုက်

​​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီ​လေတပ်၏ ​လေယာဥ်ကွင်းများ ၊ ​လေ​ကြောင်းရန်ကာကွယ်​ရေးရုံးများ ကိုယခုလပိုင်းအတွင်း ပိုမိုတိုက်ခိုက်လာ​​နေရာ ယခုအခါ​နေပြည်​တော်​လေတပ်စခန်းများကိုပင် တိုက်ခိုက်လာနိုင်ခြင်းဖြစ်သည်။

(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)

▪︎ဆီလှောင်ကန်ပေါ်ကျပြီး မီးကူးစက်လောင်ကျွမ်းဟုဆို

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းအား မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့မှ UG များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် NPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

ယမန်နေ့( ဧပြီ ၁၆ ရက်​နေ့) ည ၁၁ နာရီဝန်းကျင်တွင် အေလာလေတပ်စခန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ဝန်းအတွင်းရှိ ဆီလှောင် ကန်ပေါ်ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့၍ မီးသတ်ယာဥ်များဖြင့်ပါ ငြှိမ်းသတ်ခဲ့ရသည်ဟု နေပြည်တော်သတင်းရင်းမြစ်များက ဆိုသည်။

(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)

“မြို့ပြအထူးစစ်ဆင်​ရေးဌာနနဲ့ မြို့ပြ UG ပူး​ပေါင်းအဖွဲ့​တွေလုပ်​ဆောင်တယ် သိရပါတယ်ခင်ဗျ။ မ​နေ့ညပိုင်းက စကစ မီးသတ်ဌာန​တွေ အ​တော်မီးငြှိမ်းယူရတယ်ဗျ”ဟု နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် NPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့အတည်ပြုပြောကြား သည်။

တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များဘက်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုသာ သိရသော်လည်း အရေအတွက်မည်မျှ ပစ်ခတ်ခဲ့သည်ကို အတိအကျမသိရသလို လေတပ်ဝန်းထိခိုက်ပျက်စီးမှုအားလည်း မသိရသေးပေ။

(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)

​တော်လှန်​ရေးအင်အားစုများမှ သတင်းရင်းမြစ်တစ်ဦးကလည်း အဆိုပါ စစ်ဆင်​ရေးတိုက်ခိုက်ခဲ့သည်မှာမှန်ကန်​ကြောင်း People’s Spring သို့ အတည်ပြုသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လေတပ်ဝန်းအတွင်း မီးလောင်ခဲ့ရာ လယ်ဝေးမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်များ၊ အေလာနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဥ်များ၊ သာဝတ္တိနယ်မြေ မီးသတ်စခန်းနှင့် ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဥ်များ သွားရောက်မီးငြှိမ်းသတ်ခဲ့ရပြီး ယမန်နေ့ည ၁၂ နာရီ ၄၇ မိနစ်ခန့်တွင်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက​ပြောသည်။

သို့​သော်မီး​လောင်ကျွမ်းမှုမှာ စစ်​ကောင်စီ​လေတပ်စခန်း၏ ဆီသို​လှောင်ကန်​လောင်းကျွမ်းခြင်းလား ၊ တိုက်ခိုက်မှု​နောက်ဆက်တွဲ​အနီးရှိသစ်​တောများ မီးကူးစက်ရာမှ ​လောင်ကျွမ်းခြင်းလားဆိုသည်ကိုမူ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​၏ ​နေပြည်​တော်​လေတပ်စခန်းအ​ဆောက်အအုံကို ဂြိုဟ်တုမှ​မြင်​တွေ့ရစဥ် (ဓါတ်ပုံ-Myanmar Witness) ။ ဧလာ​လေတပ်စခန်းအနီး မီး​လောင်ကျွမ်း​နေမှုကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)

အလားတူ ယမန်နေ့ ဧပြီ ၁၆ ရက်နေ့ညနေ ၆ နာရီခန့်ကလည်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ဘက်မှ ဒက္ခိဏသီရီမြို့နယ် သံတမန်ဇုန်ဘက်အထွက်ရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်ကို စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ဒက္ခဏိ ပ.က.ဖ တို့ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်ခြောက်ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။