Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ရ

သင်္ကြန်ကာလအတွင်းကမူ ရေဦးမြို့ပေါ်၌ စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပြုလုပ်နေ၍ စစ်ကြောင်းထိုးခြင်းမရှိဘဲ သင်္ကြန်ပြီးပြီးချင်း စစ်ကြောင်းပြန်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ- CJ)
(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ ၁၈ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်မှ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အတွင်းသို့ စစ်​ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ အဆိုပါ စစ်ကြောင်းကြောင့် ခင်ဦးနယ်ရှိ အင်းပတ်၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေးတောင်ရွာနှင့် မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်းနှင့် မကျီးအုပ်ရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“လက်တလောဘယ်ရွာတွေမှတော့ မဝင်သေးဘူး။ ရွာသစ်ကုန်း ပျူရွာထဲဝင်သွားပြီ။ ရွာသစ်ကုန်းပျူရွာနဲ့နီးတဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လက်နက်ကြီး တစ်ကမ်းမလွတ်တာရယ်။ အင်အားများတာရယ်ကြောင့် ဒေသခံတွေကစိုးရိမ်ပြီး ထွက်ပြေးနေရတယ်”ဟု ဒေသတွင်း ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်းကမူ ရေဦးမြို့ပေါ်၌ စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပြုလုပ်နေ၍ စစ်ကြောင်းထိုးခြင်းမရှိဘဲ သင်္ကြန်ပြီးပြီးချင်း စစ်ကြောင်းပြန်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။