Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်ရှိ တပ်စစ်ရေးပြကွင်းနှင့် လေယာဥ်ကွင်းတို့ကို PDF က၁၀၇ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

ယနေ့ မတ် ၂၆ ရက်ညနေပိုင်းက နေပြည်တော် စစ်ရေးပြကွင်းနေရာနှင့် သာဝတ္ထိနှင့် ရေနီကြားရှိ လေ့ကျင့်ရေး (၅)တပ်ဝန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

​နေပြည်​တော်တွင် ၂၀၂၂ မတ် ၂၇ ရက်က စစ်​ရေးပြအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ- AFP
​နေပြည်​တော်တွင် ၂၀၂၂ မတ် ၂၇ ရက်က စစ်​ရေးပြအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ- AFP

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် တပ်မတော်နေ့စစ်ရေးအခမ်းအနားပြုလုပ်ရန်ပြင်ဆင်နေသော စစ်ရေး ပြကွင်းနှင့် လေယာဥ်ကွင်းတစ်ခုအား ၁၀၇ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(နေပြည်တော်)NPT PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ မတ် ၂၆ ရက်ညနေပိုင်းက နေပြည်တော် စစ်ရေးပြကွင်းနေရာနှင့် သာဝတ္ထိနှင့် ရေနီကြားရှိ လေ့ကျင့်ရေး (၅)တပ်ဝန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

“ သာဝထ္တိ ​ရေနီ ကြားရှိတဲ့ ​လေ့ကျင့်​ရေး ၅ ကိုထုထားတာ ၄ နာရီ​လောက်က။ လုပ်ငန်းစဥ်မပို့လာ​သေးတော့ အသေးစိပ်ပြောလို့ မရသေးဘူးဗျ။ ​မစ်ရှင် ၂ ခုလွှတ်ထားတယ်။ စစ်​ရေးပြကွင်း​ရော၊ ​လေယာဥ်ကွင်းရော” ဟု NPD PDF မှ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

ဖက်ဆစ်တိုက်ဖျက်​ရေး​နေ့(မတ် ၂၇)တွင်စစ်​ကောင်စီက စစ်​ရေးပြအခမ်းအနားပြုလုပ်ရန် နာရီပိုင်းအလိုဖြစ်​သောယနေ့ည ၇ နာရီကျော်၌ PDFများက စစ်ရေးပြကွင်းအား တိုက်ခိုက်မှုတွင် ၁၀၇ ရှော့တိုက်ဒုံးလေးလုံးအသုံးပြုပစ်ခတ်ခဲ့​ကြောင်း​တော်လှန်​ရေးအင်အားစုအချို့က​ပြောသ်။ ယနေ့ မတ် ၂၆ တွင်ကျရောက်သော ကိုဖြိုးဇေယျာသော်(ခ) မောင်ကျော်၏ တော်လှန်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

​နေပြည်​တော်ရှိ စစ်​ရေးပစ်မှတ်တစ်ခုကိုတာ​ဝေးပစ်လက်နက်ကြီး ဖြင့်ပစ်ခတ်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-​နေပြည်​တော်PDF
​နေပြည်​တော်ရှိ စစ်​ရေးပစ်မှတ်တစ်ခုကိုတာ​ဝေးပစ်လက်နက်ကြီး ဖြင့်ပစ်ခတ်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-​နေပြည်​တော်PDF

စစ်ကောင်စီသည် မနက်ဖြန်ကျရောက်မည့် (၇၈) နှစ် မြောက် တပ်မတော်နေ့အတွက် အခမ်းအနားပြုလုပ်ရန် နေပြည်တော်၌ ပြင်ဆင်လျှက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ချိန်တွင်လည်း စစ်ကောင်စီတပ်များရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊မရှိကို မသိရသေးဘဲစုံစမ်းနေဆဲဖြစ်သည်။

မတ်လ (၁၃)ရက် ည​နေပိုင်းကလည်းနေပြည်​တော် PDF လက်နက်ကြီးအဖွဲ့က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာ အနီးရှိ ခမရ(၆၀၄) တပ်ရင်းသို့ လက်နက်ကြီး (၄) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​သေးသည်။

လက်နက်ကြီး(၄) လုံးအနက် (၁) လုံးမှာ ရန်သူ့တပ်၏ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး (၁)လုံးမှာ လက်နက်တိုက်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်(၂) လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျ​ရောက်ပေါက်ကွဲခဲ့​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

ထိုအပြင်ဖေဖော်ဝါရီ ၂၂ ရက်ကလည်းနေပြည်တော်၊ တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက တာဝေးပစ်ဒုံးကျည် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတစ်စင်းသည် အရာရှိအ​ဆောင်ဟုယူဆရသည့် အဆာင်ကိုထိမှန်ခဲ့​ကြောင်း​နေပြည်​တော် PDF မှတာဝန်ရှိသူက​ပြောသည်။ထို​ကြောင့် တစ်လ ဝန်းကျင်အတွင်း​နေပြည်​တော်ရှိ စစ်​ရေးပစ်မှတ် ၄ ခုကို PDFများကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

You May Also Like

ဆောင်းပါး

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ "ဒေါတမကြီး" ရွာ တည်ရှိသည်။

သတင်း

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သင်္ကြန်ကာလနှစ်ကြိမ်၌ စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများနှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်ကားစေရန် ပုံဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သတင်း

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီးနောက် မြောင်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်ရန် မတ်လ ၁၂ ရက်တွင် အင်အား ၂၀၀ခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။