Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကပစ(၂၂)သွယ်တန်းထားသော ဓာတ်အားလိုင်းလာပြင်သည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ကပစ(၂၂)၏ ဓာတ်အားလိုင်းကို ဧပြီ ၅ ရက်က ဖောက်ခွဲဖြိုချခဲ့ရာ မအောင်မြင်သဖြင့် ဧပြီ ၈ ရက်တွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲခဲ့ရကြောင်း တပ်ရင်း (၁၉)က အသိပေးသည်။

(ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)
(ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂ ) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းကိုဖြိုချခံရ၍ လာရောက်ပြုပြင်သည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီးအပါအဝင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၉) ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

ကပစ(၂၂)၏ ဓာတ်အားလိုင်းကို ဧပြီ ၅ ရက်က ဖောက်ခွဲဖြိုချခဲ့ရာ မအောင်မြင်သဖြင့် ဧပြီ ၈ ရက်တွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲခဲ့ရကြောင်း တပ်ရင်း (၁၉)က အသိပေးသည်။

ထို့ကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းအား ဧပြီ ၁၀ရက်တွင် စစ်ကောင်စီတပ်မှ အင်အား ၁၅ ဦးခန့်ဖြင့် လာရောက်ပြုပြင်ရာ ပခုက္ကူခရိုင်တပ်ရင်း (၁၉)၊ တပ်ရင်း (၁၁)၊ တပ်ရင်း (၄)၊ ဂန့်ဂေါခရိုင် တပ်ရင်း (၅)၊ ဆိပ်ဖြူ(ပ.က.ဖ)နှင့် ဆိပ်ဖြူမြောက်ပိုင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်း၊လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဆို သည်။

Public Service Announcement

“အဲဒီပွဲမှာ စခဘက်က ၂ ယောက်သေတယ်။ ၃ယောက်ဒဏ်ရာရရှိတယ်လို့ ကျွန်တော်တို့ဘက်က အတည်ပြုထားနိုင်ပါတယ်”ဟု ပခုက္ကူခရိုင် တပ်ရင်း(၁၉)မှ တပ်ခွဲမှူးတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ခုခံပစ်ခတ်မှုများရှိခဲ့သော်လည်း PDF ပူးပေါင်းတပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အ သိပေးသည်။

အထက်ပါ တိုက်ခိုက်မှုဖြစ်စဥ်အား သတင်းထုတ်ပြန်မှုနောက်ကျရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၏စည်းမျဥ်းစည်းကမ်းများအရ ဖြစ်စဥ်အား စိစစ်လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း တိုက်ပွဲဝင်တပ်ရင်း တပ်ဖွဲ့များက တောင်းပန်ထားသည်။