Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင်မြို့တွင် စစ်ကောင်စီတပ် အရာရှိနှစ်ဦးအပါအဝင်သုံးဦး ပစ်သတ်ခံရဟုဆို

ယနေ့(ဧပြီ ၁၈ရက်) နံနက် ၁၁နာရီခွဲခန့်က ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီးတွင် အထက်ပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(သန်လျင်မြို့အတွင်း စစ်ကောင်စီလက်ပါးစေများက ပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - CJ)
(သန်လျင်မြို့အတွင်း စစ်ကောင်စီလက်ပါးစေများက ပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးဆိုသူ အပါအဝင်သုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဧပြီ ၁၈ရက်) နံနက် ၁၁နာရီခွဲခန့်က ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီးတွင် အထက်ပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“လေတပ်က အရာရှိတွေလို့ ပြောတယ်။သေချာအသေးစိတ်တော့ မသိရသေးဘူး။အခုမြို့အဝင်အထွက်တွေကို ပိတ်စစ်နေတယ်”ဟု သန်လျင်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းတို့နှင့်အတူပါ လာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသည်ဟု သိရသည်။

ယခုဖြစ်စဥ်တွင် သေဆုံးသူများနှင့်မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကို လူထုနွေဦးအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိအခြေအနေကြောင့် သန်လျင်မြို့အတွင်း၌ တံဆိပ်ကပ်ဖမ်းဆီးခြင်းများ ရှိလာနိုင်သဖြင့် ပြည်သူများ သတိပြုရှောင်ရှားသွားလာရန်လည်း ဒေသခံများက သတိပေးသည်။