Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လူမျိုး၊ ဘာသာပေါင်းစုံ ခွဲခြားဆက်ဆံမှု ကင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးကြိုးပမ်းမယ်လို့ NUG ပြော

စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တွန်းလှန်ကာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ခွင့်တူညီမျှပြီးခွဲခြားဆက်ဆံမှုကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကဏ္ဍမှာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ လက်တွဲကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အသိပေးပါတယ်။ အီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ်ပွဲတော်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များထံပေးပို့တဲ့ NUG ရဲ့သဝဏ်လွှာမှာ ဖော်ပြတာပါ။ ပြည်သူတစ်ရပ်လုံးက အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်စွဲကိုင်ကာ အရှိန်အဟုန်မပျက် တော်လှန်တိုက်ပွဲဝင်နေပြီး အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းမယ့် တော်လှန်ရေးခရီးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီလို့ NUG က ဆိုပါတယ်။

▪️စစ်ကောင်စီ ရွေးကော်ဒုညွှန်ချုပ်ကို မြို့ပြပြောက်ကျားအဖွဲ့ ပစ်ခတ်ရှင်းလင်း

အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးကြီး စိုင်းကျော်သူကို ဒီနေ့ နေ့ခင်းက ရန်ကုန်မြို့တစ်နေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လိို့ For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ For the Yangon အဖွဲ့တာ၀န်ရှိသူက ရှင်းပြပါတယ်။ အဲဒီဒုညွှန်ချုပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်​ကောင်စီကို တရားစွဲဆိုရာမှာ တရားလို့ပြ သက်​သေအဖြစ် လုပ်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ပြောက်ကျားအဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

(အသတ်ခံရသော ဒုညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးကြီး စိုင်းကျော်သူအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(အသတ်ခံရသော ဒုညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးကြီး စိုင်းကျော်သူအား တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

▪️နောင်ချိုမြို့အနီးရှိ စစ်တပ်တပ်ရင်း ၂ ခုကို PDF များတိုက်ခိုက်

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)-MPDF ဦး​ဆောင်​​​တဲ့ ပူးပေါင်းတပ်ဖွဲ့က နောင်ချိုမြို့အနီးရှိစစ်ကောင်စီတပ်ရဲ့ တပ်မ (၁၁၄)နဲ့ (၁၁၅)တို့ကို ဒီ​နေ့ ​နေ့ခင်းပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့​တယ်လို့ နောင်ချိုမြို့ခံများက ပြောပါတယ်။ MPDF က စစ်တပ်ရဲ့ တပ်မ ၁၁၄ နဲ့ ၁၀၇ တို့ကို ​ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး​နောက် တိုက်ပွဲလည်းဖြစ်ပွားခဲ့​တယ်လို့ ​သိရပါတယ်။​ ရှော့တိုက်ဒုံးနဲ့ လေးချက်ပစ်ခတ်သံကြားရပြီး စစ်တပ်ကိုထိမှန်​ကြောင်းလည်း ​ဒေသခံအချို့က ပြောပါတယ်။

(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)
(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)

▪️မြဝတီမြို့နယ်တောင်ဘက်ခြမ်းကို စစ်‌ကောင်စီတပ် လက်နက်ကြီးများနဲ့ တရစပ်ပစ်ခတ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် တောင်ဘက်ခြမ်းကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဟာ လေကြောင်းကနေတိုက်ခိုက်နေသလို လက်နက်ကြီးနဲ့လည်း တရစပ်ပစ်ခတ်နေတယ်လို့ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများက ပြောပါတယ်။ မနေ့ညကတည်းက စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးများနဲ့ နေ့ရော၊ ညပါ ပစ်ခတ်လျက်ရှိရာ ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ကျန်ရစ်ခဲ့တဲ့ လက်နက်၊ ကျည်များနဲ့ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဖော်ပြပါတယ်။

မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ
မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ

▪️စစ်​ရေးတင်းမာ​နေလို့ လွိုင်ကော်-မိုးဗြဲ -ဖယ်ခုံ လမ်းမကြီးကို အသုံးပြု မရသေး

စစ်ကား အစီး ၂၀ ခန့်ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေတဲ့ လွိုင်ကော်-မိုးဗြဲ -ဖယ်ခုံ လမ်းမကြီးကို ပြည်သူများအသုံးမပြုကြသေးဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောပါတယ်။ ဖယ်ခုံမြို့ဘက်မှတဆင့် လွိုင်ကော်မြို့ကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNDFနဲ့ ဖယ်ခုံ PDF ပူးပေါင်းတပ်ဖွဲ့က မနေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အင်အားဖြည့်တင်းလာတဲ့ စစ်ယာဥ်တန်းမှာ မည်သည့် စစ်ဒေသသို့ ဝင်ရောက်မယ်ဆိုတာ မသိရသေးပေမယ့် လက်ရှိမှာ လွိုင်ကော်သို့ ရောက်ရှိလာပြီလို့ သိရပါတယ်။

▪️BGF တပ်ဖွဲ့ဝင်များ KNUထံ ပြန်လာပူးပေါင်းဖို့ ကော်ဘရာတပ်မှူးတိုက်တွန်း

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖွဲ့ဝင်များ အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ ပြန်လည်လာရောက်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ကြရဖို့ KNUရဲ့ ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ကြီးဒါဘောက BGF တပ်စခန်းတစ်ခုကို သိမ်းပိုက်စဉ် ပြောပါတယ်။ BGF စခန်းတစ်ခုကို သိမ်းပိုက်စဉ် ဗိုလ်ဒါဘောက သိမ်းထားတဲ့ စခန်းအတွင်း ဝင်ရောက်ရင်း ကရင်ဘာသာနဲ့ ပြောဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၄)က ဗမာဘာသာပြန် ဖော်ပြခဲ့တာပါ။ BGF ခေါင်းဆောင်စောချစ်သူအနေနဲဲ့လည်း လာရောက်ပူးပေါင်းဖို့ တောင်းဆိုကာ ကော်သူးလေတိုင်းပြည်ကို အတူတူထူထောင်ကြဖိို့ ဗိုလ်ဒါဘောက ဖိတ်ခေါ်ပါတယ်။

▪️မိုင်းကွင်းပေါ် စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ မိုင်းကွင်းပေါ်စုပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စုနဲ့ မိုင်းရှင်းလာတဲ့စစ်သားများကိို မိုင်းဆွဲတိုက်ခိုက်ရာ ၁၂ ဦးသေဆုံးတယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာထိပ်မှာ ကင်းပုန်းများချပြီး ခရီးသွားပြည်သူများကို ခြိမ်းခြောက်ငွေတောင်းနေတဲ့ အင်အား ၂၅ ဦးခန့်ရှိတဲ့ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများကို တိုက်ခိိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားများကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ရှင်းပြပါတယ်။

▪️မလှိုင်နယ် ရဲစခန်းတစ်ခုကို တိုက်ခိုက်ရာ အမျိုးသမီးစစ်သည်အပါအဝင် အများအပြားသေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ နှောကန်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ အရာရှိ အမျိုးသမီးစစ်သည်အပါအဝင် စစ်အုပ်စုဝင် အများအပြားသေဆုံးတယ်လို့ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း – NRDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက နှောကန်ရွာ ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များနဲ့ အချိန် တစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ အမျိုးသမီးစစ်သည်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်နဲ့ ရဲသား ၁၄ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က တပ်ကူရောက်လာလို့ စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

▪️စဉ့်ကူးမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူသုံးဦးကို သတ်ဖြတ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးကိို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ ဒါပေမဲ့ အဲဒီစစ်အုပ်စုကို ဒရုန်းနဲ့တိုက်ခိုက်ရာ သုံးဦးသေဆုံးတယ်လို့ အသိပေးပါတယ်။ ဧပြီ ၂၀ ရက်ကပဲ စစ်ကောင်စီတပ်ဟာ စဉ့်ကူးမြို့နယ် ခက်သင်ကျေးရွာရှိ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ခက်သင်ရွာရှိ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောပါတယ်။

▪️မင်းကင်းနယ် စစ်တပ်နဲ့ ပျူ ပူး​​ပေါင်းစခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ မအူရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ရဲ့စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ဖျက်ဆီးခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလာခဲ့ပေမယ့် စခန်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာ ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း၊ မင်းကင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)