Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လွိုင်​ကော်လမ်းမ​​ကြီးပေါ် စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရ​၊ သေဆုံးမှုများ

လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး သေဆုံးသူများပြားတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဗဟို သတင်းနှင့်ပြန်ကြားရေးKnICက ဒီနေ့ထုတ် ပြန်ပါတယ်။ ဒီနေ့ မနက် ၂ နာရီခန့်က လွိုင်ကော်-မိုးဗြဲကားလမ်းမပေါ်မှာ စစ်ကောင်စီယာဥ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B – 03 နဲ့ ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးများနဲ့ လွိုင်ကော်ဒေသတွင်း ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)
(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)

▪️ပဇီကြီးရွာဝန်းကျင် စစ်ကောင်စီတပ် တောနင်းစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ လေကြောင်းတိုက်ခိုက်ခံရတဲ့ ပဇီကြီးကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီက မနေ့ည တစ်ညလုံးနဲ့ ဒီနေ့မနက်မှာ မြေပြင်တောနင်းစစ်ကြောင်းထိုးနေလို့ ကလေးငယ်များနဲ့ အမျိုးသမီးများအပါအဝင် ရွာခံများမှာ စစ်ကြောင်းမှဘေးလွတ်ရာသို့ ရွှေ့ပြောင်းတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ပဇီကြီးရွာအပြင် အနီးပတ်ဝန်းကျင်ရွာတွေမှာလည်း မြေပြင်ကင်းပုန်းများရှိနေသလို လေကြောင်းမှလည်း ခြိမ်းခြောက်နေတာကြောင့် ဒေသခံအများအပြား ပုန်းအောင်းပြေးလွှားနေရတာလို့ သိရပါတယ်။ မနေ့က ပဇီကြီးရွာကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြား မီးလောင်ခဲ့တယ်လို့ အဝေးမှမျက်မြင်တွေ့ရှိတဲ့ စစ်ဘေးရှောင်များက ပြောပါတယ်။

▪️ဒီးမော့ဆိုနဲ့ မိုးဗြဲနယ် ခြောက်ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်သား ၅၀ ကျော် သေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲ မြို့ နယ်ခြောက်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဧပြီ ၁၆ ရက်ကစလို့ ဒေါညေးခူကျေးရွာ တောင်ပေါ်မှာ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီပူးပေါင်းတပ်များက ၁၈ ရက်အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲများမှာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အထိနာသေဆုံးသူ များပြားကာ ၎င်းတို့ထံမှ လက် နက်ခဲယမ်းများကို ပူးပေါင်းတပ်များမှ သိမ်းဆည်းရရှိခဲ့ပါတယ်။

▪️မတ္တရာမြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဗုံးသီးချ တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ မနေ့ နေ့ခင်းက အဲဒီတိုက်ခိုက်မှုမှာ ရာသီဥတုအခြေအနေ လေတိုက်နှုန်းပြင်းထန်ခြင်းကြောင့် နှစ်လုံးသာ တိကျစွာ တိုက်ခိုက်နိုင်ပြီး တစ်လုံးမှာ မတ္တရာဆေးရုံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံဝင်းအတွင်းသို့ ကျရောက်ခဲ့တဲ့အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မြို့ပေါ် စစ်ရေးပစ်မှတ်များကို ဒရုန်းအသုံးပြုကာ တိုက်ခိုက်ရလို့ အလွဲအမှားရှိခဲ့ပါက နားလည်ပေးကြဖို့ ပြည်သူများကို ယူနီကွန်းအဖွဲ့က တောင်းပန်ထားပါတယ်။

(တိုက်ခိုက်ခံရသည့် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအား ဝေဟင်မှမြင်တွေ့ရစဉ်)
(တိုက်ခိုက်ခံရသည့် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအား ဝေဟင်မှမြင်တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်သား CDF ထံ ခိုလှုံ၊ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ချင်းကာကွယ်ရေးတပ်-မရာ(CDF-Mara)က ထုတ်ပြန်ပါတယ်။ လိုင်လင်းပီမြို့ တပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားဦးလှိုင်မျိုးဦးဟာ ဧပြီ ၁၆ ရက် ညနေပိုင်းမှာ CDM ဝင်လာတာလို့ ဆိုပါတယ်။ အဲဒီတပ်သားဟာ MA3 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၂၅၀ နီးပါးယူဆောင်လာတယ်လို့ ဓါတ်ပုံနှင့်တစ်ကွ ဖော်ပြပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အဲဒီတပ်သားကို ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပြီးဖြစ်တယ်လို့ အသိပေးပါတယ်။

(အလင်းဝင်လာ​သော စစ်သားယူ​ဆောင်လာသည့်ကျည်နှင့် ခဲယမ်းအချို့။ဓါတ်ပုံ-CDF Mara)
(အလင်းဝင်လာ​သော စစ်သားယူ​ဆောင်လာသည့်ကျည်နှင့် ခဲယမ်းအချို့။ဓါတ်ပုံ-CDF Mara)

▪️ခင်ဦးနယ်မှာ အပူဒဏ်ကြောင့် စစ်ရှောင်များ မူးမေ့လဲကျ၊ အဘွားအိုတစ်ဦး အမောဖောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင်များ အပူဒဏ်ပြင်းစွာ ခံစားနေရပြီး မူးမေ့လဲကျခြင်းများဖြစ်ပေါ်နေကာ အဘွားအိုတစ်ဦးလည်း အမောဖောက်သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ခင်ဦးမြို့နယ်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိရှိနေပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ၂၀ ခန့်မှ ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ခင်ဦးနယ်မှာ ကန့်ဘလူနဲ့ ရွှေဘိုနယ်ဘက်က စစ်ရှောင်များပါ ရောက်ရှိနေပြီး သောက်သုံးရေနဲ့ စားနပ်ရိက္ခါအခက်အခဲများ ကြုံတွေ့နေရတယ်လို့ ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ​ပြောပါတယ်။

▪️ရေစကြိုမြို့ပေါ် စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုတိုက်ခိုက်ခံရ

မကွေးတိုင်း ရေစကြိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အထိုင်စခန်းနှစ်ခုကို တပြိုင်နက်၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေပြီး ၁၁ ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရေစကြိုမြို့ အမှတ်(၄)၊ ဖောင်တော်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ငြိမ်းဇာနည်တပ်စခန်းကို MBTတပ်ဖွဲနဲ့ ညီနောင်မဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်မယ့် အခြေအနေ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးပြီး ဆက်လက်တိုက်ခိုက်ဖို့ကျည် မလုံလောက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ MBT တပ်ဖွဲ့က အသိပေးပါတယ်။