Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PTTEPဇောတိကလုပ်ကွက်တွင်စီမံကိန်းအသစ်ပြန်စရန်စီစဉ်နေ

လက်ရှိမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင် ကိုရီးယား POSCO နှင့် ထိုင်း PTTEP နိုင်ငံခြားကုမ္ပဏီကြီးနှစ်ခုသာ လုပ်ငန်းဆက်လက်လုပ်ကိုင်​နေ​ကြောင်းလည်း အဆိုပါသတင်းဌာနက​ဖော်ပြသည်။

(PTTEP ၏ လုပ်ငန်း အမှတ်တဆိပ်။ဓါတ်ပုံ-ရိုက်တာ)
(PTTEP ၏ လုပ်ငန်း အမှတ်တဆိပ်။ဓါတ်ပုံ-ရိုက်တာ)

▪︎ကုမ္ပဏီကို စစ်​ကောင်စီလက်​အောက်တွင်လုပ်ငန်းများမလုပ်ရန် ဖိအား​ပေးချိန်တွင်လုပ်ငန်းသစ်စရန်ပြင်ဆင်လာခြင်းဖြစ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုအတွက် ဖိအားများရင်ဆိုင်နေရချိန်တွင် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEPကမုတ္တမပင်လယ်ကွေ့ရှိ ဇောတိကသဘာဝဓာတ်ငွေ့လုပ်ကွက်တွင် စီမံကိန်းအသစ်ပြန်စရန် စီစဉ်နေကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ရေနံသတင်းများရေးသားတင်ဆက်နေသည့် Upstream.com သတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အ​မေရီကန်၊ပြင်သစ် ၊ဂျပန်၊မ​လေးရှားစ​သော နိုင်ငံခြားကုမ္ပဏီများထွက်ခွာနေချိန်တွင် ထိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် စီမံကိန်းအသစ်ပြန်လည်စတင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

လက်ရှိမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင် ကိုရီးယား POSCO နှင့် ထိုင်း PTTEP နိုင်ငံခြားကုမ္ပဏီကြီးနှစ်ခုသာ လုပ်ငန်းဆက်လက်လုပ်ကိုင်​နေ​ကြောင်းလည်း အဆိုပါသတင်းဌာနက​ဖော်ပြသည်။

မုတ္တမပင်လယ်ကွေ့တွင်M-3 ကမ်းလွန်လုပ်ကွက်၌အောင်သင်္ခ သဘာဝဓာတ်တွင်းအတွက်ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ အကဲဖြတ်ရှာဖွေမှုများ ပြုလုပ်နေ​ကြောင်း စစ်ကောင်စီက ၂၀၂၂ဖေဖော်ဝါရီလကတည်းကထုတ်ပြန်ခဲဖူးသည်။

ထိုင်းကုမ္ပဏီက ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် အဆိုပါလုပ်ကွက်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ သဘာဝဓာငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခွင့်ရရှိခဲ့ခယသည်။ ထိုစီမံကိန်းကို စစ်တပ်အာဏာသိမ်းပြီးနောက် ယာယီရပ်ဆိုင်းကြောင်း ၂၀၂၃ ဇန်နဝါရီလက ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ သို့​သော်ယခုအခါ PTTEP ကို မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုအတွက်နိုင်ငံခြား​ငွေမရ​စေ​ရေး ​လုပ်ငန်းများမလုပ်ရန် နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူများ ၊ ​တော်လှန်​ရေးအင်အားစုများ ၊ပြည်သူများကဖိအား​ပေး​တောင်းဆို​နေချိန်တွင် လုပ်ငန်းစတင်ရန် စီစဥ်လာခြင်းဖြစ်သည်။

ထိုင်းကုမ္ပဏီ PTTEPကို အာဏာသိမ်းစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုများပြုလုပ်နေခြင်းကြောင့်မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့စီမံကိန်းများမှ သတင်းအချက်အလက်နှင့်ငွေပေးချေမှုကိစ္စများကို ပေးပို့ပေးရန်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၂၀ ရက်တွင်တောင်းဆိုထားသည်။ ထိုတောင်းဆိုချက်များကို မလိုက်လျောပါက ထိုင်းကုမ္ပဏီကို စင်ကာပူနိုင်ငံရှိ အနုညာတခုံရုံးတွင် တရားစွဲဆိုထားမည်ဟု NUGကသတိ​ပေးထားသည်။

ထိုအပြင် PTTEP နှင့် ဆက်စပ်လုပ်ငန်းများ၏ ထုတ်ကုန်နှင့်ဝန်​ဆောင်မှုများကို အာဏာသိမ်းစစ်အုပ်စုနှင့် လက်တွဲလုပ်ကိုင်သဖြင့် နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူများ၊​တော်လှန်​ရေးအင်အားစုများက သပိတ်​မှောက်​ကြရန်တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီများ အစုလိုက်အပြုံလိုက်ထွက်ခွာခဲ့ကြသည်။ မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများမှ နိုင်ငံတကာကုမ္ပဏီများထွက်ခွာပြီးနောက် ထိုင်းကုမ္ပဏီက အော်ပရေတာအဖြစ်လွှဲပြောင်းရယူခဲ့သည်။