Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် ဆိုင်းဖရာဒေသတိုက်ပွဲ စစ်ကောင်စီတပ် အထိနာဟု KIAအသိပေး

ဖားကန့်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA) တပ်ဖွဲ့ဝင်များ ၎င်းတို့ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KIA တပ်သားများ။ ဓာတ်ပုံ - CJ)
(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KIA တပ်သားများ။ ဓာတ်ပုံ - CJ)

▪️ဆယ်ဇင်းတွင် စစ်ကောင်စီလက်အောက်ခံ SNAတပ် မိုင်းထိ၍ သေဆုံးထိခိုက်ရှိဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းဖရာဒေသ ၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ပိုမိုထိခိုက်မှုရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့ ညပိုင်း ဖော်ပြသည်။

ဧပြီ ၁၈ရက်က စစ်ကောင်စီတပ်က ဆိုင်းဖရာကျေးရွာမှ ပြည်သူ များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ KIA သတင်းပြန်ကြားရေး ၏ ယမန်နေ့ ဖော်ပြချက်၌ ဆိုင်းဖရာဒေသ၌ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နမ့်ယာနှင့် ဆိုင်းဖရာဒေသတိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီဘက်က ပိုပြီး ထိခိုက်ဒဏ်ရာရသူများကြောင်း၊ ကာမိုင်းမြို့ ပျားအုံကျေးရွာ၌ ဧပြီ ၁၈ရက် ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူများအနက် အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ လေးဦး မြစ်ကြီးနားဆေးရုံ၌ ကုသမှု ခံယူနေသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာဘက်က ပြည်သူများသည် တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်၍ ပြည်သူအချို့သည် နမ့်ယား ၊ မြစ်ကြီးနား၊ ကာမိုင်း၊ စဘော့မှော်အ ပါအဝင် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီတပ်က ဆိုင်းဖရာရွာအနီး စစ်ရေးဆက်လက်လှုပ်ရှားမှုရှိနေကြောင်း KIAသတင်းပြန်ကြားရေးက ဖော်ပြခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA) တပ်ဖွဲ့ဝင်များ ၎င်းတို့ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

“မနေ့က မနက်ကတော့ ဆယ်ဇင်းဘက်မှာ သူတို့မိုင်းကို သူတို့နင်းမိလို့ SNAဘက်က သေဆုံးထိခိုက်တာတွေရှိတယ်။ အဲဒါက ပန်ချယ် သီလရှင်ကုန်းဘက်မှာ။ မိုင်းတွေ သူတို့ ထောင်ထားတာ မူးမူးရူးရူးနဲ့ ဆိုင်ကယ်တွေနဲ့ နင်းမိတယ်တဲ့။ မိုင်းသွားဖြုတ်တော့လည်း တစ်ခါ ပေါက်ကွဲသွားတယ်တဲ့။”ဟု ဒေသခံက ပြောသည်။

အဆိုပါ ဆယ်ဇင်းဒေသ ပန်ချယ်ရွာအနီးတွင်လည်း KIA/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် တို့ ယခုလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။