Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းလေဘေးသင့်ပြီး အကူအညီလိုအပ်နေ

“အိမ်တစ်လုံးကတော့ လုံး၀ပြိုပျက်စီးသွားတယ်။ နေအိမ်(၁၀)လုံးကတော့ အချို့က အမိုးလန်တာ ပေါက်တာနဲ့ အကာအကွယ်တွေ ပျက်စီးတာရှိတယ်” ဟု လေးကေကော်လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦးက ပြောသည်။

Photo - လေးကေ့ကော်လူငယ်ကွန်ရက်
Photo - လေးကေ့ကော်လူငယ်ကွန်ရက်

လေးကေကော်စစ်ရှောင်များနေထိုင်သည့် ပလောတပိုစစ်ရှောင်စခန်းတွင် ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးသွားပြီး အခက်အခဲများကြုံတွေ့နေရသည်။

ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းအချိန်တွင် လေပြင်းများတိုက်ခတ်ခဲ့သောကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေကော်စစ်ရှောင်ပြည်သူများ နေထိုင်သည့် ပလောတပိုစစ်ရှောင်စခန်းက နေအိမ်(၁၁)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု လေးကေကော်လူငယ်ကွန်ရက်က ပြောသည်။ ယင်းစစ်ဘေးရှောင်စခန်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဒေါနအရှေ့ဘက်ခြမ်းတွင်တည်ရှိသည်။

Photo - လေးကေ့ကော်လူငယ်ကွန်ရက်
Photo – လေးကေ့ကော်လူငယ်ကွန်ရက်

“အိမ်တစ်လုံးကတော့ လုံး၀ပြိုပျက်စီးသွားတယ်။ နေအိမ်(၁၀)လုံးကတော့ အချို့က အမိုးလန်တာ ပေါက်တာနဲ့ အကာအကွယ်တွေ ပျက်စီးတာရှိတယ်” ဟု လေးကေကော်လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် စခန်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အခက်အခဲ ကြုံတွေ့နေရပြီး အထူးသဖြင့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီလ(၇)ရက်ကစ၍ ပလောတပိုစစ်ရှောင်စခန်းကို တိမ်းရှောင်ရောက်ရှိလာတဲ့ မဲကနယ်ဒေသမှ စစ်ရှောင်ပြည်သူများ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“အဓိကကတော့ မဲကနယ်ဒေသက ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် ခြင်ထောင်၊ စောင် ၊အဝတ်အထည်၊ ဆန်၊ ဆီ၊ ဆား တကိုယ်ရေသုံးပစ္စည်းတွေလိုအပ်နေပါတယ်။ သူတို့အတွက် တဲအိမ်တွေလည်း ထပ်ဆောက်ဖို့ ကြိုးစားပေးနေဆဲပါ” ဟု လေးကေကော်လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ လေးကေကော်မြို့သစ်အတွင်းသို့ ပြီးခဲ့သည့် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလအတွင်း၌ စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ရေးပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး စစ်ရေးကြောင့် လေးကေကော်မြို့ရှိ စစ်ဘေးရှောင်ပြည်သူအများအပြားသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေထိုင်နေရကာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။