Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးနှစ်နှစ်တာအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၄၅၀ ကျော်သေဆုံးဟု မင်းတပ် CDF ထုတ်ပြန်

(CDF မင်းတပ် တပ်ဖွဲ့ဝင်များ / ၂၀၂၁ ​မေ ၁၄ ရက်တွင် တူမီးကိုင်CDF မင်းတပ်က စစ်တပ်၏ကား ၆ စီးပါယာဥ်တန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-မင်းတပ်CDF)
(CDF မင်းတပ် တပ်ဖွဲ့ဝင်များ / ၂၀၂၁ ​မေ ၁၄ ရက်တွင် တူမီးကိုင်CDF မင်းတပ်က စစ်တပ်၏ကား ၆ စီးပါယာဥ်တန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-မင်းတပ်CDF)

▪︎မင်းတပ် CDF ရဲဘော် ၅၅ဦး ကျဆုံးခဲ့ဟု အသိပေး

▪︎တူမီးဖြင့်တော်လှန်ရေးစခဲ့သည့် မင်းတပ် CDF၏ စွမ်းဆောင်ရည်ကို NUG ပြည်ထောင်စုဝန်ကြီး ဂုဏ်ပြု

ချင်းပြည်နယ် မင်းတပ်မြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ (၂) နှစ်အတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၄၅၀ ကျော်သေဆုံးခဲ့သည်ဟု မင်းတပ် CDFက ၎င်းတို့ တပ်ဖွဲ့ ဖွဲ့စည်းမှု ၂နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့ပေါ်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၈ရက်မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီကဧပြီ ၂၄ရက်တွင် အရပ်သား ပြည်သူများအား ဖမ်းဆီးခဲ့သည်။လူမဲ့သပိတ် “NUG” ဟူသောစာတမ်းကို ရေးသားနေသည့်အရပ်သားပြည်သူ(၇) ဦးအား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် ထိုနေ(ဧပြီ ၂၄ရက်)မှစ၍ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံခဲ့သည်။

“ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးဖို့ ရာဇသံပေးတယ်။ သူတို့ဖက်က ကတိဖျက်လို့ တိုက်ခိုက်ခဲ့ကြတယ်။ အခုဆို တော်လှန်ရေး ၂နှစ်ပြည့်ပြီ။တော်လှန်ရေး အောင်ကိုအောင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်မယ်”ဟုချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ပြောရေးဆိုခွင့်ရှိသူ ဟာအွမ်က People’s Spring သတင်းဌာနသို့ပြောသည်

Public Service Announcement
Public Service Announcement

ထိုသို့ ခုခံတိုက်ခိုက်ခဲ့ရာ အာဏာသိမ်း စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်(CDF-Mindat) အကြား တိုက်ပွဲပေါင်း ၂၁၈ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် ၄၅၀ ကျော်ကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း မင်းတပ် CDF မှ တပ်ဖွဲ့ဝင် ၅၅ဦး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

(CDF မင်းတပ် တပ်ဖွဲ့ဝင်များ / ၂၀၂၁ ​မေ ၁၄ ရက်တွင် တူမီးကိုင်CDF မင်းတပ်က စစ်တပ်၏ကား ၆ စီးပါယာဥ်တန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-မင်းတပ်CDF)
(CDF မင်းတပ် တပ်ဖွဲ့ဝင်များ / ၂၀၂၁ ​မေ ၁၄ ရက်တွင် တူမီးကိုင်CDF မင်းတပ်က စစ်တပ်၏ကား ၆ စီးပါယာဥ်တန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-မင်းတပ်CDF)

“ အသက်ပေးလှူခဲ့ကြသည့် ရဲဘော်ရဲဘက်များကို ဂုဏ်ပြု သတိရရင်း အာဏာသိမ်း စစ်ကောင်စီအား ပြန်လှန် ခုခံတော်လှန်နေသည့် တော်လှန်ရေး မဟာမိတ် အင်အားစုများနှင့် လက်တွဲပူးပေါင်းကာ မိမိတို့၏ အန္တိမ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်” ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ကျဆုံးခဲ့​သော ရဲ​ဘော် ၅၅ ဦး၏ အမည်၊​ နေ့ရက်နှင့် တိုက်ပွဲအမည်တို့ကိုပါအ​သေးစိပ်​ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကိုလည်း လအလိုက်ထုတ်ပြန်ခဲ့ရာ ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲ ၁၄၂ကြိမ်၊ ၂၀၂၂ တွင် ၆၇ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၉ကြိမ် စုစုပေါင်း တိုက်ပွဲ ၂၁၈ ကြိမ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။

နှစ်နှစ်အတွင်း စစ်ကောင်စီ၏ ရဲကား ၁စီးကို ဖျက်ဆီးခြင်း၊ စစ်ကောင်စီ ကား ၈စီးကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ မကွီအိမ်နူးရဲစခန်းကို သိမ်းပိုက်ခြင်း တို့ ပြုလုပ်ခဲ့ပြီး လက်နက်သိမ်းဆည်းနိုင်ခဲ့သည့် တိုက်ပွဲအချို့ရှိခဲ့သည်ဟုဆိုသည်။

ထင်ရှား​သောတိုက်ပွဲမှာ ၂၀၂၁ ​မေလဒုတိယပါတ်တွင် စစ်တပ်၏ ကား ၆ စီးပါ ယာဥ်တန်းကို တူမီး​သေနတ်များကိုသာအဓိကကိုင်၍ ခုခံတိုက်ခိုက်ခဲ့​သော CDF မင်းတပ်က ​မေ ၁၄ ရက်တွင်စစ်တပ်ကားတန်းကိုတိုက်ခိုက်ပြီး ကား ၆ စီးလုံးမီးရှို့ဖျက်ဆီးနိုင်ခဲ့​သောတိုက်ပွဲဖြစ်သည်။အဆိုပါတိုက်ပွဲတွင် CDF မင်းတပ် ရဲ​ဘော်အချို့မှာ​သေနတ်ကျည်ကုန်သွား၍ စစ်​ကောင်စီတပ်သား ခဲဖြင့်​ပေါက်၍ ပင်တိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲတွင်စစ်သားအချို့ ​သေဆုံးပြီးအချို့ထွက်​ပြေးသွားကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်နေ၍ အရပ်သားသေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။

ထို့အပြင် မင်းတပ် CDF( ၂)နှစ်ပြည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ရာ နွေဦးတော်လှန်ရေး(၂)နှစ်တာအတွင်း မင်းတပ်မြိုနယ်အပါအဝင် ချင်းပြည်အနှံ၌ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက် သေဆုံး၊ နာကျင်ကြရသူ အရပ်သားပြည်သူများ၊ တပ်ဖွဲဝင်များ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူခံစားမိကြောင်း ဖော်ပြခဲ့သည်။

“၂၀၂၁ ခုနှစ်၊ဧပြီလ၂၄ရက်နေ့တွင်မင်းတပ်မြိုရှိအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ၏ ဖမ်း ဆီးချုပ်နှောင်ခံထားရသည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ မင်းတပ်ဒေသခံများအား ပြန်လွှတ် ပေးရန် ညှိနှိင်းမှုကို စစ်ကောင်စီဘက်မှ ကတိမတည်၊ ပျက်ကွက်ခဲ့ပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)က ၎င်းတိုအား စစ်ကောင်စီတပ်ဖွဲ၏ လက်ထဲမှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ သည်ကို အထိမ်းအမှတ်ပြုကာ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရှိရပါသည်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ်၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

မင်းတပ် CDFသည် ချင်းလူမျိုးများ၏ တူမီးတော်လှန်ရေးကို စတင်ခဲ့ သူများပင် ဖြစ်ကြောင်းလည်းပါရှိသည်။

( ၂ )နှစ်တာကာလအတွင်း မင်းတပ်မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုအောက်၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကယ် ဆယ်ရေး၊ စိုက်ပျိုးမွေးမြူရေးအစရှိသော လုပ်ငန်းများကို တော်လှန်ရေးကာလလိုအပ်ချက်များ နှင့်အညီ ထူးခြားအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတိုအပြင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ နွေဦးတော်လှန်ရေး အင်အားစုများ၏ လေးစားအားကျမှုကို ရရှိခဲ့သည့်မင်းတပ် CDF၏ရဲစွမ်းသတ္တိနှင့် စွမ်းရည် ထက်မြက်သော တိုက်ပွဲဝင်ခဲ့မှုများကိုလည်း မှတ် တမ်းတင် ဂုဏ်ပြုသကဲ့သို၊ အသက်စွန့်သွားခဲ့ကြသည့် သူရဲကောင်းများကိုလည်း အလေးပြုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယခုအချိန်တွင် မိမိတိုအနေဖြင့်လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲနေကြခြင်း ဖြစ်သည့်အတွက် ထိခိုက်ပေးဆပ်ရမှုများကို မလွဲမရှောင်သာ ကြုံတွေ့ကြရမည်ဖြစ်ကြောင်း၊ သို့ရာတွင်ရည်မှန်းချက် ပန်းတိုင်သိုရောက်သည်အထိ အချင်းချင်း ဖေးမယုံကြည်မှု၊ သစ္စာရှိမှု၊ စည်းလုံးညီညွတ်မှုတိုဖြင့် မဆုတ်မနစ် ဆက်လက် ချီတက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က တိုက်တွန်းသည်။

ရန်သူ သည် မိမိတိုအား ဖျက်ဆီးရန် အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လျှက်ရှိသည်ကို သတိကြီးစွာထားလျက် ဉာဏ်အမြော်အမြင်ရှိရှိ စည်းလုံးညီညွတ်စွာဖြင့်အောင်ပွဲရသည်အထိကြိုးပမ်းကြရမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာပေးပို့ခဲ့သည်။