Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယ နယ်စပ်အနီး ထလန်လိုရွာ ဗုံးကြဲခံရလို့ အရပ်သား ၂ ဦးသေဆုံး

The Chin Journal ရဲ့ဖော်ပြချက်အရ သေဆုံးသူ ၂ ဦးဟာ CDM ပြုလုပ်ထားတဲ့အသက် ၆၀ အရွယ် ကျောင်းဆရာမနဲ့ သက်လတ်ပိုင်းအမျိုးသား တို့ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - CHRO
ဓာတ်ပုံ - CHRO

အိန္ဒိယ နယ်စပ်ကနေ ၂ မိုင်ခန့် အကွာမှာရှိတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ထလန်လိုရွာ မနေ့ညနေပိုင်းက ဗုံးကြဲခံရပြီး အရပ်သား ၂ ဦးသေဆုံးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံကသိရပါတယ်။

မနေ့ ဧပြီလ ၂၇ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ဗုံးကြဲခံရတာပါ။ စစ်ကောင်စီတပ်ဟာ ရုရှားလုပ် YAK 130 အမျိုးအစား ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာလို့ CHRO က ဆိုပါတယ်။

ဗုံးကြဲခံရလို့ သေဆုံးသွားသူ ၂ ဦးအပြင် ကလေး ၂ ဦး အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CHRO ရဲ့စာရင်းအရသိရပါတယ်။

The Chin Journal ရဲ့ဖော်ပြချက်အရ သေဆုံးသူ ၂ ဦးဟာ CDM ပြုလုပ်ထားတဲ့အသက် ၆၀ အရွယ် ကျောင်းဆရာမနဲ့ သက်လတ်ပိုင်းအမျိုးသား တို့ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - CHRO
ဓာတ်ပုံ – CHRO

ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းကလည်း စစ်ကောင်စီလေတပ်ဟာ ထန်တလန်မြို့နယ်ထဲက ခွာဖိုရွာကိုဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာတော့ ဒေသခံ ၁၀ ဦးသေဆုံးခဲ့ရပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။