Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ပြည်ကြီးတံခွန် စက်မှု ၁ ဈေးရှေ့ ရွှေဆိုင် ဓားပြတိုက်ခံရ

အဲဒီရွှေဆိုင်ဟာ ၆၂ လမ်း ၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားမှာရှိပြီး ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၂ဦး သေနတ်အတိုနဲ့ ဓားပြဝင်တိုက်သွားတာလို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင် (ပုံဟောင်း)
ဓားပြတိုက်ခံရတဲ့ ရွှေဆိုင် (ပုံဟောင်း)

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၁ ဈေးရှေ့မှာရှိတဲ့ ထက်ဝေယံ ရွှေဆိုင်ဟာ ဒီနေ့ နေ့လယ်က ဓားပြတိုက်ခံလိုက်ရတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

အဲဒီရွှေဆိုင်ဟာ ၆၂ လမ်း ၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားမှာရှိပြီး ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၂ဦး သေနတ်အတိုနဲ့ ဓားပြဝင်တိုက်သွားတာလို့ သိရပါတယ်။

“သေနတ်သံတော့ကြားတယ်၊ ဘယ်သူမှဝင်မပါရဲကြဘူး”လို့ စက်မှု ၁ ဈေးမှာ ဆိုင်ဖွင့်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးက ပြောပြပါတယ်။

စစ်အုပ်စုရဲ့ တယ်လီဂရမ်တွေမှာတော့ ဓားပြတိုက်သူ ၂ ဦးဟာ ဆိုင်အတွင်းနံရံ ကို သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး ပါလာတဲ့ ဓားနဲ့ မှန်ဘောင်တွေကို ရိုက်ခွဲကာ ရွှေထည်တွေ ယူသွားတယ်လို့ သတင်းဖြန့်တာတွေ့ရပါတယ်။

စစ်အုပ်စုစာရင်းအရ ရွှေဆွဲကြိုး ၁၈ ကုံး ၊ရွှေနားကပ်အရေအတွက် ၃၈၀ ၊ နားဆွဲ ၉၀ ပါသွားပြီး ကာလတန်ကြေး ကျပ်သိန်း. ၂,၅၀၀ ကျော်ဖိုး ရှိတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ၉ ရက်ကပဲ ပြည်ကြီးတံခွန် စက်မှု ၁ ဈေးရှေ့က ထိပ်တန်း ရွှေဆိုင်လည်း ဓားပြတိုက်ခံခဲ့ရပါသေးတယ်။