Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာတောင်ညွှန့်မှာ မီးပြတ်ချိန် ချွေးထွက်လွန်ပြီး မိသားစုဝင် ၄ဦး မူးမေ့

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အပူချိန် မြင့်တက်နေတာပါ။

ဓာတ်ပုံ − လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့(ကျီတော်)
ဓာတ်ပုံ − လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့(ကျီတော်)

ရန်ကုန်တိုင်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း တိုက်ခန်း မှာ မိသားစုဝင် ၄ ဦး မီးပြတ်ချိန် အပူချိန်မြင့်တက်ပြီး ချွေးထွက်လွန်ကာ သတိလစ်သွားလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနဆီပို့ဆောင်ပေးလိုက်ရတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မင်္ဂလာတောင်ညွှန့် မြို့နယ် ၊ကျီတော်ရပ်ကွက် ၊မဟာဘောဂလမ်းမှာ ဒီနေ့ မနက်အစောပိုင်း ၁ နာရီခွဲခန့်ကဖြစ်ပွားတာပါ။

၆၅ နှစ်အမျိုးသားကြီး ၊ အသက် ၄၀ အရွယ်အမျိုးသမီး ၊သက်လတ်ပိုင်း ၃၁ နှစ် အမျိုးသမီးနဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ်တို့ ကို ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးလိုက်ရတယ်လို့ လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့(ကျီတော်) က အသိပေးထားပါတယ်။

ဆေးရုံကြီးပို့ဆောင်ပေးလိုက်ရသူမိသားစုဝင်အားလုံးအခြေအနေကောင်းတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အပူချိန် မြင့်တက်နေတာပါ။

တဖက်မှာလည်း မီးပြတ်တောက်မှုကိုလည်း မြို့ပြနေလူထုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နေရပါတယ်။