Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပစ်သတ်ခံရ

မန္တလေး − ပြင်ဦးလွင် ကားလမ်းဘေးမှာရှိတဲ့ လက်ကောင်းရွာက နေအိမ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သားကို လူ ၄ဦး မနေ့ညပိုင်း ကလာပစ်သွားတာပါ။

မန္တလေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပစ်သတ်ခံရ
မန္တလေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပစ်သတ်ခံရ

မန္တလေး ၊ ပုသိမ်ကြီးမြို့နယ် ၊လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ အသက် ၄၀ ဝန်းကျင် အမျိုးသားဟာ မနေ့ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး နန်းတွင်းစစ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေး − ပြင်ဦးလွင် ကားလမ်းဘေးမှာရှိတဲ့ လက်ကောင်းရွာက နေအိမ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သားကို လူ ၄ဦး မနေ့ညပိုင်း ကလာပစ်သွားတာပါ။

ဒီပစ်ခတ်မှုကို မန္တလေးမှာ အောင်စည်တော်စစ်ဆင်ရေး အမည်နဲ့ လှုပ်ရှားနေတဲ့ AST- MDY အဖွဲ့က လုပ်ဆောင်တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သား ဖြစ်သူ ကိုဆန်းယုမောင်ဟာ ဖခင်အရှိန်အဝါနဲ့လူထုအပေါ် ရမ်းကားလို့ ပစ်ခတ်ရှင်းလင်းရတာလို့ AST- MDY အဖွဲ့ကဆိုပါတယ်။

စစ်အုပ်စုရဲ့ တယ်လီဂရမ်တွေမှာ ဖခင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုမတွေ့လို့သားကို PDF တွေက ပစ်သတ်သွားတာလို့သတင်းဖြန့်နေကြတာတွေ့ရပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး သားကို မန္တလေးနန်းတွင်းစစ်ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးသွားတာပါ။

ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း ၈ဦးထက်မနည်း ပစ်ခတ်ခံခဲ့ရပါတယ်။