Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ

မယ်ခါးထာတပ်စခန်းပြန်ရရေးအတွက် လေကြောင်းပစ်ကူအသုံးပြုပြီးတိုက်ခိုက်နေသလို မြေပြင်မှတစ်ဆင့် အင်အားအများအပြားဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း KNLA တပ်မဟာ(၅)တပ်ဖွဲ့၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ
မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ

KNLA တပ်မဟာ(၅)က သိမ်းပိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်အနီးရှိ မယ်ခါးထာတပ်စခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကေအဲန်ယူ-တပ်မဟာ(၅) သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်အတွက် အရေးပါသည့် မယ်ခါးထာတပ်စခန်းကို KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းခဲ့သည်။ အဆိုပါမယ်ခါးထာတပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေး ဧပြီလပိုင်းတွင် စစ်ကောင်စီတပ်က မြေပြင်နှင့် ဝေဟင်ကနေပါ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မယ်ခါးထာတပ်စခန်းပြန်ရရေးအတွက် လေကြောင်းပစ်ကူအသုံးပြုပြီးတိုက်ခိုက်နေသလို မြေပြင်မှတစ်ဆင့် အင်အားအများအပြားဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း KNLA တပ်မဟာ(၅)တပ်ဖွဲ့၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီစစ်ကြောင်း အင်အား(၁၅၀)ခန့် စခန်းကုန်းဟောင်းပေါ်တက်မလို့ မိုင်းထိ၊ ဒရုန်းနဲ့ ဗုံးကြဲခံရ၊ RPG 7(လက်နက်ကြီး)နဲ့ အထုခံရ၊ ရက်များလာတော့ ရိက္ခာလည်းပြတ် လူနာကိုလည်း ဆေးမကုပဲ ပစ်ထားတယ်” ဟု တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မယ်ခါးထာ စခန်းကို ယာယီပြန်လည်ရရှိခဲ့သော်လည်း တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးများသောကြောင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း ၊ ထိခိုက်သေဆုံးမှုအရေအတွက်ကို မသိရသေးသော်လည်း စခန်းကို ပြန်ရရန် စစ်ကောင်စီအတွက် ခက်ခဲနိုင်ကြောင်း တပ်မဟာ(၅)ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒို၏ ပြောဆိုချက်ကို ကရင်သတင်းစဉ်ဌာန(KIC)တွင် ရေးသားဖော်ပြထားသည်။

စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်းကို ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်ကျော်အကြာ စခန်းကို သိမ်းပိုက်ရရှိနိုင်ခဲ့ကာ စစ်ကောင်စီဘက်မှ (၁၆)ဦး သေဆုံးနှင့် (၇)ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။