Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နော်​ဝေဗဟိုဘဏ်က ကိုရီးယားနှင့်အိန္ဒိယရေနံကုမ္ပဏီနှစ်ခုကိုစစ်တပ်နှင့်ဆက်နွှယ်​နေ၍ ရင်းနှီးမြှပ်နှံ​သောစာရင်းမှ ဖယ်ထုတ်လိုက်ကြောင်းကြေညာ

စစ်တပ်က အာဏာသိမ်းပြီးနောက်တောင်ကိုရီးယားနိုင်ငံမှ POSCOကုမ္ပဏီက စစ်ကောင်စီအတွက် အကျိုးအမြတ်ရရှိစေမည့် ရခိုင်ကမ်းလွန်ရှိရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင်ဓါတ်အားထုတ်လုပ်၍ တရုတ်သို့ ပို့လွှတ်​ရောင်းချ​သောစီမံ ကိန်းတွင်ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

(​နော်​ဝေဗဟိုဘဏ်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-File Photo)
(​နော်​ဝေဗဟိုဘဏ်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-File Photo)

နော်ဝေးဗဟိုဘဏ်သည် မြန်မာစစ်တပ်နှင့်စီးပွားရေးဆက်လက်လုပ်ကိုင်နေသည့် ကိုရီးယားနှင့် အိန္ဒိယရေနံကုမ္ပဏီနှစ်ခုကို ဖယ်ထုတ်လိုက်ကြောင်း ဧပြီ ၂၇ ရက်တွင်ထုတ်ပြန်သည်။

ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိသည့် ကမ္ဘာ့အကြီးဆုံးချေးငွေရန်ပုံငွေမှ ကိုရီးယားရေနံကုမ္ပဏီ KOGASနှင့် အိန္ဒိယရေနံကုမ္ပဏီ GAILတို့ကို ချေးငွေထုတ်ပေးမည့်စာရင်းမှ ထုတ်ပယ်လိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီကုမ္ပဏီတွေဟာ စစ်ပွဲနဲ့ ပဋိပက္ခများကြားထဲတွင် လူတစ်ဦးချင်းစီရဲ့အခွင့်အရေးကို ချိုးဖောက်တာနဲ့ပံ့ပိုးကူညီပေးနေတာကို လက်ခံနိုင်ဖွယ်မရှိဘူး။ဒီကုမ္ပဏီတွေကမြန်မာစစ်တပ်နဲ့ ပတ်သတ်ဆက်နွယ်ပြီး စီးပွားရေးလုပ်နေတယ်”ဟု အဆိုပါနော်ဝေးဗဟိုဘဏ်ဖြစ်သည့် Norges Bankက ထုတ်ပြန်ထားသည်။

နော်ဝေးဗဟိုဘဏ် Norges Bank သည်ကမ္ဘာတဝန်းရှိ ကုမ္ပဏီပေါင်း ၉၂၀၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ထရီလီယံရင်းနှီးမြှပ်နှံထားသည်။ Norges Bankသည် ကိုရီးယား KOGASကုမ္ပဏီတွင် ဒေါ်လာ ၅ ဒဿမ ၅ သန်းရင်းနှီးမြှပ်နှံထားပြီး ထိုပမာဏသည် ထိုကိုရီးယားကုမ္ပဏီ၏ရှယ်ယာ ၀ ဒသမ ၂၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

အလားတူအိန္ဒိယ အစိုးရပိုင် GAILတွင်လည်း ဒေါ်လာ ၇၀ ဒဿမ ၂ သန်းရင်းနှီးမြှပ်နှံထားပြီး ထိုကုမ္ပဏီ၏ ၀ ဒဿမ ၉၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယား POSCO က ၅၁ ရာခိုင်နှုန်း၊ အခြားတောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် KOGAS က ၁၇ ရာခိုင်နှုန်း၊ စစ်​ကောင်စိ လက်​အောက်​ရောက်​နေ​သော မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း (MOGE)က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သော GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တောင်ကိုရီးယားနိုင်ငံမှ POSCOကုမ္ပဏီက စစ်ကောင်စီအတွက် အကျိုးအမြတ်ရရှိစေမည့် ရခိုင်ကမ်းလွန်ရှိရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင်ဓါတ်အားထုတ်လုပ်၍ တရုတ်သို့ ပို့လွှတ်​ရောင်းချ​သောစီမံ ကိန်းတွင်ဆက်လက်လုပ်ကိုင်လျက်ရှိသည်။