Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် ရခိုင်နဲ့ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်

ငပလီက ကမ်းခြေဟိုတယ်အချို့ကလည်း မုန်တိုင်းကြောင့် ဟိုတယ်ခေတ္တပိတ်ထားမယ်လို့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာကြပါတယ်။

မုန်တိုင်းကြောင့် ရခိုင်နဲ့ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်
မုန်တိုင်းကြောင့် ရခိုင်နဲ့ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်

အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းကြောင့် နာမည်ကျော် ငပလီကမ်းခြေ ၊ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို မေလ ၁၅ ရက်အထိ ပိတ်ထားမယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေထံကသိရပါတယ်။

အဲဒီကမ်းခြေတွေကို ဒီနေ့ မေလ ၁၂ ရက်ကနေ စတင်ပြီး မေလ ၁၅ ရက်အထိ ၄ ရက်ကြာ ပိတ်ထားမှာဖြစ်လို့ ဟိုတယ်တွေ ၊တည်းခိုခန်းတွေအနေနဲ့ လည်း အခန်းဌားရမ်းတာကို ရပ်ဆိုင်းထားပါတယ်။

ငပလီက ကမ်းခြေဟိုတယ်အချို့ကလည်း မုန်တိုင်းကြောင့် ဟိုတယ်ခေတ္တပိတ်ထားမယ်လို့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာကြပါတယ်။

ဧရာဝတီတိုင်းထဲက ချောင်းသာ ၊ငွေဆောင်ကမ်းခြေတွေလည်း ငပလီနည်းတူ ပိတ်ထားမယ်လို့ သိရပါတယ်။

” မုန်တိုင်းပြီးလောက်တဲ့အချိန်မှ ပြန်ဖွင့်မယ်” လို့ ချောင်းသာကမ်းခြေ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။

ငွေဆောင်ကမ်းခြေမှာလည်း မေလ ၁၁ ရက်ကစတင်ပြီး ဟိုတယ်တွေ ၊တည်းခိုခန်းတွေ ပိတ်ကြပြီလို့ သိရပါတယ်။

မုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံ ကျောက်ဖြူမြို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမြို့နယ်ကနေ ဖြတ်သန်းမှာပါ။