Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မဟာအောင်မြေ NLD ပါတီရုံး ညအချိန်မှာ ဖျက်ဆီးခံရ

မဟာအောင်မြေ NLD ပါတီရုံးဖျက်ဆီးမခံရခင် ရက်ပိုင်းအလိုကလည်း အမရပူရမြို့လယ်မှာရှိတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

NLD ပါတီရုံးဖျက်ဆီးခံထားရစဉ် (ပုံဟောင်း)
NLD ပါတီရုံးဖျက်ဆီးခံထားရစဉ် (ပုံဟောင်း)

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် NLD ပါတီရုံးဟာ ပြီးခဲ့တဲ့ နှစ်ရက်က ညအချိန် မှာ လူတစ်စု လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မေလ ၁၀ ရက် ညပိုင်းက မနော်ရမ္မံဥယျာဉ်အနီး ၆၂လမ်းနဲ့ ၄၂လမ်းရှိ NLDရုံးရဲ့ တံခါးတွေ ၊ဆိုင်းဘုတ်တွေအပြင် ရုံးထဲက ပစ္စည်းတွေပါ ဖျက်ဆီးခံလိုက်ရတာပါ။

“ခဏခဏလာဖျက်သလို ပစ္စည်းတွေလည်းယူသွားကြတယ်”လို့ မဟာအောင်မြေမြို့နယ် NLDပါတီဝင်တစ်ဦးကပြောပါတယ်။

မဟာအောင်မြေ NLD ပါတီရုံးဖျက်ဆီးမခံရခင် ရက်ပိုင်းအလိုကလည်း အမရပူရမြို့လယ်မှာရှိတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ဒါအပြင် မန္တလေး NLD တိုင်းရုံးဟာ မေလ ၅ ရက်ညပိုင်းက အင်အားအများအပြားနဲ့ လာရောက်ဖျက်ဆီးတာခံထားရပါတယ်။

မန္တလေးမှာ NLD ပါတီရုံးတွေဖျက်ဆီးခံရတာအပြင် ပါတီဝင်တွေ ၊ ပါတီကို ထောက်ခံအားပေးသူ အချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ်။ သတ်ဖြတ်မှုကို သွေးသောက်အမည်ခံ အဖွဲ့က လုပ်ဆောင်တာလို့ အဲဒီအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

မြို့ခံတွေက သွေးသောက်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့လို့ ယူဆထားကြပါတယ်။