မြိုင်မှ ပခုက္ကူသို့ ရိက္ခာယူရန်ထွက်လာသည့်ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်လုံးပျက်စီးပြီး ပျူစောထီး အနည်းဆုံးတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။
သရက်ကန်ပျူစောထီးစခန်းမှ ပခုက္ကူကို မေ ၁၁ ရက်မနက် ၇နာရီခွဲ ရိက္ခာယူရန် ထွက်လာသည့်ကားနှင့် ကင်းပုန်းယူရန်လာသည့် ပျူစောထီးများကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကင်းပုန်းယူရန် လာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် ပျူစောထီး ကိုလတ်မှာ ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟုဖော်ပြထားသည်။
![(ပျူကားမီးလောင်ပျက်စီးနေစဥ်/ ပျူကားပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/345636002_538187008528204_6278598847604425326_n.jpg?resize=880%2C495&ssl=1)
![(ပျူကားမီးလောင်ပျက်စီးနေစဥ်/ ပျူကားပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/346772748_3366016173638122_1193927851785964747_n.jpg?resize=880%2C495&ssl=1)
![(ပျူကားမီးလောင်ပျက်စီးနေစဥ်/ ပျူကားပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/345634422_161912920179374_8106032337118472649_n.jpg?resize=880%2C495&ssl=1)
![(ပျူကားမီးလောင်ပျက်စီးနေစဥ်/ ပျူကားပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/346629778_2047361195613452_2128148138165473515_n.jpg?resize=880%2C383&ssl=1)
ထိုနောက် ရိက္ခာယူရန်ထွက်လာသည့်ပျူကားကို သရက်ကန်နှင့် တွင်းမရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပျူကားမှလုံးဝပျက်စီးသွားပြီး ပျူစောထီးများ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းမြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။
“မြိုင်၊ပေါက်နဲ့ ပခုက္ကူတစ်ကြောမှာစစ်ကောင်စီနဲ့သူ့လက်အောက်ခံတွေရိက္ခာသယ်နေတဲ့အချိန်ဖြစ်လို့မိုင်းဆွဲတာ၊ထိတွေ့တိုက်ပွဲဖြစ်တာတွေဖြစ်လာတာ”ဟုပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ထို့အပြင်ဒရုန်းဖြင့်အီနာဂါ ၅ လုံးချတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရမှုစာရင်းကိုမူ မသိရသေးပေ။
![(ပျူကားမီးလောင်ပျက်စီးနေစဥ်/ ပျူကားပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/345877670_946835153300650_3200915526962034269_n.jpg?resize=880%2C383&ssl=1)
![(ပျူကားမီးလောင်ပျက်စီးနေစဥ်/ ပျူကားပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/346646849_788765942916779_1716353252163681939_n.jpg?resize=880%2C497&ssl=1)
ထိုတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၁ မှ တပ်ခွဲနှစ်ခွဲ၊ ကမ္မဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊ ဘီးလုံးငှက်တပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့နှင့် ဧရာအနောက်တပ်ဖွဲ့စသည့် ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင်မေလ ၉ရက် နံနက်ပိုင်း ကလည်းအိုရင်းရွာမှထွက်လာသော စစ်တပ်စစ်ကြောင်းကို အိုရင်းရွာမြောက်ဖက်တွင် မြိုင်ပကဖ တပ်ခွဲ ၂ ၊ ဘီလုံးငှက်တပ်ဖွဲ့တို့ကပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟုသိရသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)