Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲ၊​ ညောင်ကုန်းရွာ ဗုံးကျဲခံရမှု ပြည်သူ ၈ ဦး​သေ ၁၅ ဦးထက်မနည်းဒဏ်ရာရ

ညောင်ကုန်း‌ ​ကျေးရွာကို ယနေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်​ကောင်စီက တိုက်ပွဲမရှိ ၊ PDF များလည်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်က ဂျက်တိုက်​လေယာဥ်ဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်​နေရာသို့ ၂၀၂၃ ​မေလတွင် ဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-မင်းတပ် CDF)
(စစ်​ကောင်စီတပ်က ဂျက်တိုက်​လေယာဥ်ဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်​နေရာသို့ ၂၀၂၃ ​မေလတွင် ဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-မင်းတပ် CDF)

ပုလဲမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီကယ​နေ့ည​နေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ၁၅ဦးထက်မနည်း ဒဏ်ရာရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ရှစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

မိုးချိမ်းတယ်ထင်တာ။ ပေါက်ကွဲသံတွေကြားတော့မှ လေကြောင်းကနေ ပစ်တာ သိရတာ။ ဒဏ်ရာရတာ ၁၅ ယောက်။ သေဆုံးတာ ရှစ်‌ဦး” ဟု မြေပြင်တွင် ရှိနေသူတစ်ဦးက People’s Spring သို့ပြောသည်။

ညောင်ကုန်း‌ ​ကျေးရွာကို ယနေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်​ကောင်စီက တိုက်ပွဲမရှိ ၊ PDF များလည်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုတွင် ကျယ်လောင်သော ပေါက်ကွဲသံ ငါးကြိမ်ကြားခဲ့ရသည်ဟု ညောင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

နေအိမ်ငါးလုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးပြီး သေဆုံးသူများတွင် အမျိုးသမီးနှစ်ဦးပါဝင်သည်ဟု ဒေသခံများကပြောသည်။ ညောင်ကုန်းရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မစစ်ရေးလှုပ်ရှားမှုမှမရှိဘဲ စစ်ကောင်စီက ရုတ်တရက် လေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းဟုပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။

စစ်​ကောင်စီတပ်​လေ​ကြောင်း​တိုက်ခိုက်မှုစောင့်ကြည့်​သောEAR ချန်​နယ် ​ဖော်ပြချက်အရ အဆိုပါတိုက်​လေယာဥ်သည် တံတာဦး​လေတပ်မှ ည​နေ ၃ နာရီ ၁၄မိနစ် တွင်ထွက်ခွားပြီး ည​နေ ၄ နာရီတွင်ပြန်​လည်ဆင်းသက်သည်ကို ​တွေ့ရသည်။

စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက် ၂ နှစ်နှင့် ၂ လ (၂၀၂၃ ဧပြီလအထိ့ ) နိုင်ငံတစ်ဝန်း​လေကြာင်းတိုက်ခိုက်မှု ၁၂၄၇ ကြိမ်ပြုလုပ်ခဲ့သည်။​လေ​ကြောင်းတိုက်ခိုက်မှုနှင့် ​လေ​ကြောင်းအကူအညီဖြင့် ပြည်သူများကို သတ်ဖြတ်မှု ၂၇ ကြိမ်ကျူးလွန်ခဲ့ရာ ပြည်သူ ၅၀၈ ဦး​သေဆုံးခဲ့​ကြောင်း ဥာဏ်လင်းသစ် သု​တေသန အဖွဲ့က ထုတ်ပြန်ထားသည်။အဆိုးဝါဆုံး​လေ​ကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၃ ဧပြီ ၁၁ ရက်က ကန်ြဘလူမြို့နယ် ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ပြည်သူ ၁၆၈ ဦး​သေဆုံးခဲ့သည်။