Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူ – ကလိန်အောင်လမ်းပိုင်းတွင် စစ်တပ်အရာရှိနှင့် မီးသတ်ဒုဦးစီးလိုက်ပါလာသည့်ယာဥ်အား ပစ်ခတ်တိုက်ခိုက်

မီးသတ်ဒုဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ခမရ (၄၁၀)မှ စစ်အရာရှိတစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသည့် Honda Fit ယာဉ်အား ဇွန်လ၂၄ ရက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)နှင့် မဟာမိတ်အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပစ်ခတ်ခံရ၍ စစ်တပ်အရာ ရှိလိုက်ပါလာသောယာဥ် လမ်းဘေးထိုးကျနေစဥ်။ဓာတ်ပုံ - TPLF)
(ပစ်ခတ်ခံရ၍ စစ်တပ်အရာ ရှိလိုက်ပါလာသောယာဥ် လမ်းဘေးထိုးကျနေစဥ်။ဓာတ်ပုံ - TPLF)

ရေဖြူမြို့နယ်ရှိ ရေဖြူ – ကလိန်အောင်လမ်းပိုင်းတစ်နေရာတွင် ကလိန်အောင်မြို့မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် စစ်တပ်အရာရှိအပါအဝင် လေးဦးလိုက်ပါလာသည့်ယာဥ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးသတ်ဒုဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ခမရ (၄၁၀)မှ စစ်အရာရှိတစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသည့် Honda Fit ယာဉ်အား ဇွန်လ၂၄ ရက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)နှင့် မဟာမိတ်အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်တပ်အရာရှိလိုက်ပါသည့်ယာဥ်အား ကြိုတင်စုံစမ်းထောက်လှမ်း၍ရရှိသည့် သတင်းအရ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ယာဥ်မှာ လမ်းဘေးမြောင်းထဲထိုးကျ၍ ယာဥ်ပေါ်ပါသူလေးဦးစလုံး ထိခိုက်ဒဏ်ရာရသွားကြောင်း TPLF မှ တာဝန်ရှိသူက ​People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

“လေးဦးစလုံးကို လူနာတင်ယဉ်နဲ့လာတင်သွားပါတယ်။ သိမ်းဆည်းရမိပစ္စည်း မရှိပါဘူးဗျ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)နှင့် မဟာမိတ်တပ်ဖွဲ့များသည် စစ်ရေးပစ် မှတ်ကိုသာ အဓိကထားတိုက်ခိုက်၍ စစ်တပ်အရာရှိစီးလာသောယာဥ်အား မဖျက်ဆီးဘဲထားခဲ့ရာ နောင်တစ်နေ့တွင် ကရိန်းဖြင့်လာရောက်ဆွဲယူသွားကြောင်း အသိပေးသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) နှင့်အတူ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်​သည်။