Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာ၌ လူမျိုးစု နိုင်ငံရေးအင်အားစုများကို ပိုစုစည်းနိုင်ရေးဆောင်ရွက်ရန် ယာယီသမ္မတ တိုက်တွန်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် လက်ရှိဆောင်ရွက်နေသော အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာ၌ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုကို ပိုမိုစည်းနှောင်နိုင်သည့် အခြေခံပြဋ္ဌာန်းချက်များ ဖြစ်ရန်လိုအပ်ကြောင်း ယာယီသမ္မတက တိုက်တွန်းသည်။

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ဆင်ရာ၌ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူများက သွေဖီမသွားရန် အထူးဂရုစိုက်သင့် သကဲ့သို့ လက်တွေ့ကျသည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်သော အခြေခံ ဥပဒေမျိုးဖြစ်ရန် အထူးလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် လက်ရှိဆောင်ရွက်နေသော အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာ၌ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုကို ပိုမိုစည်းနှောင်နိုင်သည့် အခြေခံပြဋ္ဌာန်းချက်များ ဖြစ်ရန်လိုအပ်ကြောင်း ယာယီသမ္မတက တိုက်တွန်းသည်။

“လက်ရှိ ပကတိအခြေအနေမှာ လူမျိုးစုနိုင်ငံရေးအင်အားစု အချင်းချင်းအကြား ပိုမိုစုစည်းနိုင်တဲ့ နိုင်ငံရေးပဋိညာဉ်ကဲ့သို့ သဘောထား ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာ၌ လူမျိုးစု နိုင်ငံရေးအင်အားစုများကို ပိုစုစည်းနိုင်ရေးဆောင်ရွက်ရန် ယာယီသမ္မတ တိုက်တွန်း
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာ၌ လူမျိုးစု နိုင်ငံရေးအင်အားစုများကို ပိုစုစည်းနိုင်ရေးဆောင်ရွက်ရန် ယာယီသမ္မတ တိုက်တွန်း

လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ခရီးပေါက် အောင်လျှောက်နေရသည့် အခြေအနေ၌ ခုခံတော်လှန်စစ်၏ ရလဒ်အနေဖြင့် မဟာမိတ်များ၏ နယ်မြေများ၌ အုပ်ချုပ်ရေး အလုပ်များ စတင်လုပ်ဆောင်လာနိုင်သည်ကို တွေ့ရကြောင်း ယာယီသမ္မတက ဇွန်လ ၁၂ရက်တွင် ကြေညာခဲ့သည့် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို ရည်ညွှန်းပြောကြားခဲ့သည်။

“ဒါဟာ တော်လှန်ရေးနဲ့အုပ်ချုပ်ရေးကို တစ်ပါတည်း ပူးတွဲလုပ်ဆောင်နေတဲ့ အခြေအနေကို ရောက်လာပြီလို့ပြောနိုင်တဲ့ အခြေအနေဖြစ်ကြောင်း သတိချပ်စေလိုပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးကာလမှာလည်း လူမျိုးစုမဟာမိတ်ဆက်ဆံရေးကို ယုံကြည်မှု မြင့်မားအောင် တည်ဆောက်နိုင်ရမှာဖြစ်တယ်။ တော်လှန်ရေးအလွန်ကာလမှာလည်း ခိုင်မာ အားကောင်းတဲ့ နိုင်ငံရေးပဋိညာဉ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ် တည်နိုင်မယ့် အနေအထားရှိရမယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိပြင်ဆင်နေသည့် အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်ရှိတည်ဆဲ တော်လှန်ရေးကာလအတွင်း၌ ပေါ်ထွက်လာသည့် ကြားကာလ အုပ်ချုပ်ရေးကောင်စီများနှင့် လိုက်လျောညီထွေဖြစ်ရန်လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

“ပြည်နယ်အဆင့်နဲ့ ဒေသန္တရအဆင့် အုပ်ချုပ်ရေးလုပ်ငန်းတွေဟာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပါ အခြေခံမူတွေအပေါ် စံထားပြီး လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ လက်ရှိ အခြေအနေကို ချုပ်ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီမူတွေကို အခြေတည်ပြီး စုပေါင်းလုပ်ဆောင်နေကြရသလို၊ လက်တွေ့ကျတဲ့ အုပ်ချုပ်ရေးစနစ် ပေါ်ထွက်လာရေး ကိုလည်း ကြိုးစားနေရပါတယ်။ တစ်ဖက်မှာလည်း အသွင်ကူးပြောင်းရေးကာလအတွက် ကြိုတင် ပြင်ဆင်နေကြရတာ ရှိပါတယ်။ ဒီအခြေအနေတွေဟာ သီးခြားဖြစ်ထွန်းနေတာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီအခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ထွန်းနေတာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတကပြောသည်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ရေးဆွဲထားချက်များကလည်း အခြေခံ မူနှင့် မလွတ်ကင်းသလို၊ လက်ရှိ ပကတိအခြေအနေ၌ ကိုင်စွဲအသုံးပြုနိုင်ရန် အထူးလိုအပ်ကြောင်း၊ မူနှင့် အုပ်ချုပ်မှုပုံစံကလည်း ကင်းကွာနေ၍ မရကြောင်း ၎င်းက ဆိုသည်။

“ဒါကို အထူးသတိပြု ပြင်ဆင်ကြဖို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကို နိုင်ငံရေးအရ/စစ်ရေးအရ ဦးဆောင်နေတဲ့ ကျွန်တော်တို့ဟာ အရှိပကတိနဲ့ မကင်းလွတ်စေဘဲနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ထားဖို့ လိုပါတယ်။ မူကြမ်းကို ပြင်ဆင်တဲ့အခါမှာ လူမျိုးစုတွေရဲ့ လိုလားချက်တွေနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော နိုင်ငံရေးပဋိညာဉ်ဖြစ်စေဖို့ ပြင်ဆင်ကြရပါလိမ့်မယ်”ဟု ယာယီသမ္မတက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည့် သဘောသည် အုပ်ချုပ်ရေးအလွှာ ကဏ္ဍအသီးသီးအကြား တာဝန်ယူမှု /တာဝန်ခံမှုများကို စနစ်တကျ ခွဲဝေထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုအရ စည်းနှောင်ထားသည့် လူမှုပဋိညာဉ်လည်းဖြစ်ကြောင်း၊ အဆိုပါ အခြေခံ သဘောတရားကိုမူတည်ပြီး တော်လှန်ရေးကာလ၌ ပြင်ဆင်ကြရန် တိုက်တွန်းကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။