Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နှော်​စေတီကုန်းအနီးတိုက်ပွဲ စစ်တပ်ကတိုက်​လေယာဥ်အသုံးပြု​သော်လည်း စစ်​ကောင်စီတပ် ၁၀ ဦး​ထက်မနည်း​သေဟုCDF မင်းတပ်​ပြော

စစ်​ကောင်စီတပ်က ထိုသို့ဗုံးလာကျဲခြင်းမှာ ​မြေပြင်စစ်​ကြောင်းမှာ တိုက်ပွဲတွင် အထိနာပြီး ပိတ်ဆို့တိုက်ခိုက်ခံရ​သော​ကြောင့်ဖြစ်​ကြောင်း CDF-မင်းတပ်မှ တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

(မင်းတပ် CDF တပ်ဖွဲ့ဝင်များ​ကိုရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ် ။ဓါတ်ပုံ-CDF-မင်းတပ်)
(မင်းတပ် CDF တပ်ဖွဲ့ဝင်များ​ကိုရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ် ။ဓါတ်ပုံ-CDF-မင်းတပ်)

စစ်ကောင်စီက လေကြောင်း ခုနှစ်ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့​သော်လည်း မင်းတပ်မြို့နယ် နှင့်​ကျောက်ထု မြို့ကြားရှိ ရွှေအောင်သာကျေးရွာ၊‌ နှော်စေတီကုန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း CDF Mindatက ​ပြောသည်။

ပခုက္ကူမှတက်လာသော‌စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်နှင့် ကျောက်ထုမြို့အနီး နှော်စေတီကုန်းသို့ ရောက်ရှိ‌နေစဉ် CDF မင်းတပ်က ဇွန်လ ၂၆ ရက် နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီကဂျက်ဖိုင်တာ နှစ်စီးနဲ့ ခုနှစ်ကြိမ်တိတိ ဗုံးလာကြဲသွားတာပါ။ သူတို့ဘက်က တော်တော်လေး ထိသွားလို့ပါ”ဟု CDF မင်းတပ်မှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲသည် ဇွန်လ ၂၆ရက်နံနက်၇ နာရီ မိနစ် ၂၀ ခန့်မှ နံနက် ၈ နာရီခွဲခန့်အထိ အပြင်းအထန်ဖြစ်ခဲ့​ကြောင်းသိရသည်။ မြေပြင်တိုက်ပွဲ ပြီးဆုံး၍ တစ်နာရီ​ကျော်အကြာ နံနက် ၉နာရီ ၄၀မိနစ်မှ နံနက် ၁၀နာရီ ၁မိနစ်အတွင်း စစ်ကောင်စီက ဂျက်ဖိုင်တာ နှစ်စီးဖြင့် ခုနှစ်ကြိမ်ဗုံးလာကြဲခဲ့ခြင်းဟု CDF Mindat က ထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်က ထိုသို့ဗုံးလာကျဲခြင်းမှာ ​မြေပြင်စစ်​ကြောင်းမှာ တိုက်ပွဲတွင် အထိနာပြီး ပိတ်ဆို့တိုက်ခိုက်ခံရ​သော​ကြောင့်ဖြစ်​ကြောင်း CDF-မင်းတပ်မှ တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး CDF – Mindat ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း အသိ​ပေးထားသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

ထိုအပြင် မင်းတပ်မြို့​ပေါ်တွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုကို အတည်မပြုနိုင်​သေး​ကြောင်း မင်းတပ် CDF ကထုတ်ပြန်သည်။

ကားကိုးစီးနှင့် ခြေလျင်တပ်ဖွဲ့အင်အား ၂၀၀ခန့်ပါသော အဆိုပါ စစ်​ကောင်စီတပ်သည် ပခုက္ကူမြို့မှ ထွက်လာပြီး ဇွန်လ ၂၀ ရက်မှစ၍ ကျောက်ထုမြို့နယ်သို့ ရောက်ရှိလာသည်။ ဇွန်လ ၂၆ရက် နံနက်တွင် ထီးလင်းမြို့ဖက်သို့ ဆက်

လက်ဦးတည်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်​သည်။လတ်တလောတွင် ယင်းစစ်ကြောင်းသည် ကျောက်ထုနယ်ထဲတွင်သာ ရှိနေသေးကြောင်း သိရသည်။ကျောက်ထု-ထီးလင်းလမ်းပိုင်း၌ ‌လမ်းတလျောက်ဒေသခံများ သတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။