Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအနီး လယ်ကွင်းတစ်နေရာမှာ အသတ်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးအလောင်းတွေ့ရှိခဲ့ပါသေးတယ်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ လက္ခဏာနဲ့ လမ်းဘေးမှာ သေဆုံးနေတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးရဲ့အလောင်းကို ဒီနေ့မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ ကူညီရေးအသင်းထံကသိရပါတယ်။

မြရည်နန္ဒာ အိမ်ရာ အနီး မင်းကြီးရန်နောင်လမ်းနဲ့ လမ်းရွှာရှည်လမ်းနားမှာ သေဆုံးနေတာပါ။

သေဆုံးသူအမျိုးသားဟာ အသက် ၄၀ အရွယ်ဝန်းကျင်ရှိပြီး ပြင်ပဒဏ်ရာတစုံတရာမတွေ့ရဘူးလို့လည်းသိရပါတယ်။

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့
မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

ဒါပေမယ့် ခန္ဓကိုယ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။

” ညကတည်းက သေဆုံးထားတဲ့လက္ခဏာပဲ၊ ဘယ်သူဆိုတာမသိရသေးပါဘူး” လို့လည်းဆိုပါတယ်။

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့
မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

အခုလို ရုပ်အလောင်းတွေ့ရတဲ့ နေရာဝန်းကျင်ဟာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမိလို့ သေဆုံးသွားသူတွေကို မကြာခဏ လာရောက်စွန့်ပစ်လေ့ရှိတဲ့နေရာလို့လည်းသိရပါတယ်။