Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ​မော်ချီးမြို့အနီး တိုက်​လေယာဥ်ဖြင့်ဗုံးကျဲ

မယ်စဲ့မြို့ ရှိ စစ်စခန်းအားလုံးကို ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ထားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

(ကရင်နီပြည်နယ်အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့​သော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓာတ်ပုံ CJ)
(ကရင်နီပြည်နယ်အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့​သော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓာတ်ပုံ CJ)

▪︎မယ့်စဲမြို့အသိမ်းခံရပြီး​နောက် စစ်​ကောင်စီက ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ပြီး ၊လွိုင်​ကော်မြို့တွင်လည်း စစ်တပ်အင်အားဖြည့်တင်း

ကရင်နီ(ကယား)ပြည်နယ်၊ မော်ချီးမြို့အနီး စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇွန် ၂၈ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ထက်မနည်း မော်ချီးလမ်း ပိုင်း ၁၀ မိုင်ခန့်တွင် ဗုံးကျဲခဲ့ခြင်း ဖြစ်​ကြောင်းသိရသည်။

“မယ်စဲ့ ကို တိုးချင်တာ မရလို့ လမ်းကြောင်း လာရှင်း တာလို့ ပြောလို့ရတယ်။အဲဒီဘက် တိုက်ပွဲက တော့မရှိဘူး။ဒါပေမယ့် စကစ ခြေလျင်တပ်တွေအနေနဲ့ သံလွင် ကို ဖြတ်ဖို့ က ခတ်နေတာဆိုတော့ ရတဲ့နည်းနဲ့ဝင်ဖို့ လမ်းကြောင်း ရှာနေတာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

သို့​သော် ယ​နေ့ နေ့လည်ပိုင်းကစစ်ကောင်စီတပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိ၊မရှိကိုမူမသိရသေးပေ။

မယ်စဲ့မြို့ ရှိ စစ်စခန်းအားလုံးကို ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ထားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

“ကရင်နီ နဲ့ ပတ်သက်လို့ အထိနာနေတော့ ဝင်ပေါက်ထွက်ပေါက်တွေကို ပတ်ပတ်လည် ပိတ်ချင်ပုံရတယ်။နောက်ပြီး အခု ရက်ပိုင်း စစ်ကောင်စီက လွိုင်ကော်ကိုလူရော၊ ရိက္ခာရော တော်တော်ပို့နေတယ်။ တိုက်ပွဲကတော့နေရာမရွေး ဆက်ဖြစ်နိုင်သလို ပြင်းထန်တဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာဖို့ရှိတယ်”ဟု ကရင်နီရဲဘော်တစ်ဦးက ​ပြောသည်။

ထို့အပြင် ဇွန် ၂၇ ရက်နံနက်ပိုင်းကစ၍ လွိုင်ကော်၊မိုးဗြဲနှင့် ဒီးမော့ဆို မြို့များ၌စစ်တပ်ပိုင်သည့် Mytel ဆက်သွယ်ရေးလိုင်းမှအပကျန်ရှိသည့်ဆက်သွယ်ရေးလိုင်းများကို စစ်​ကောင်စီက ဖြတ်​တောက်ထား​ကြောင်း​ဒေသခံများက​ပြောသည်။