Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ကြီးမြို့နယ်တွင်စစ်​ကောင်စီဖယ်ရှားခိုင်းသည့် နေအိမ်ပေါင်း ကိုးထောင်ကျော် ရှိပြီးပြည်သူများအခက်​တွေ့နေ

ရန်ကုန်မြို့တွင်လည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စ​သဖြင့် မြို့နယ်များစွာတွင် ​နေအိမ်​​ပေါင်းသာင်းနှင့်ချီ၍ ကျူး​ကျော်ဟုဆိုကာအင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။

(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪︎စစ်ကာင်စီက မြို့နေပြည်သူများအခက်​တွေ့​​အောင်ပြုလုပ်လာခြင်းဖြစ်​ကြောင်း​ဒေသခံပြည်သူအချို့သုံးသပ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု နှင့် ထိုရွာအုပ်စုတွင်ပါဝင်​သော ကန်ကောက်ရွာရှိ နေအိမ် ၉၀၀၀ ​ကျော်ကို စစ်ကောင်စီတပ်က ဆယ်ရက်အတွင်းဖယ်ရှားရန် ဖိအား​ပေးထားသဖြင့် ​ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုနှင့် ကန်ကောက်ကျေးရွာရှိ နေအိမ်များအား စစ်အုပ်စုက ဇွန်လ ၂၆ ရက်နေ့တွင် စာလာကပ်ပြီး ၁၀ ရက်အတွင်း လာမည့်ဇူလိုင်လ ၆ ရက်နေ့ အပြီးဖယ်ရှားခိုင်းထားခြင်းဖြစ်သည်။

နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်ရွာက စစ်အုပ်စုဖယ်ရှားမည့်အိမ်ခြေမှာ စုစုပေါင်း ၉၀၀၀ ကျော် ရှိကြောင်း စစ်ကောင်စီ၏ ဝန်ထမ်းများနှင့် နီးစပ်​သော​ဒေသခံတစ်ဦးက ပြောသည်။

“အိမ်ခြေရာချီမဟုတ်ပါဘူး။ ထောင်ဂဏန်းရှိပါတယ်။ ကျွန်တော်တို့ရထားတဲ့ သတင်းအရ အိမ်ခြေကိုးထောင်ကျော်လောက်ရှိမယ်။”ဟု ၎င်းကပြောသည်။

အိမ်ခြေ ကိုးထောင်ကျော်တွင်အိမ်ကြီးအိမ်ကောင်းများ အများအပြားပါဝင်ပြီး အချို့နေအိမ်များမှာ မြို့တွင်းတွင်ဖယ်ရှားခံရ၍ ယခုနေရာတွင် ဝယ်ယူနေထိုင်ချိန်တွင် ထပ်မံဖယ်ရှားခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ်မှာ ပြည်သူကိုဒုက္ခရောက်အောင် အခက်အခဲဖြစ်အောင် သူတို့စပြီးလုပ်တဲ့သဘောလို့ သုံးသပ်တယ်။ ဒီနေရာမှာနေခဲ့တဲ့ မြို့ပြရဲ့ကြီးထွားလာတဲ့လူဦးရေအရ တဖြည်းဖြည်းနဲ့ချဲ့လာတယ်။ ပြည်သူလူထုက ကိုယ့်အစီအစဥ်နဲ့ကို ဖန်တီးပြီး ချဲ့လာတဲ့အခါမှာ ဝင်ငွေနည်းတဲ့သူ အလယ်အလတ်တန်းစားတွေ ကိုယ်ပိုင်အိမ်ရာလေးတွေ နေနိုင်တာပေါ့ဗျာ”ဟု ​ဒေသခံတစ်ဦးကပြောသည်။

(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)

သောင်းချီသောမိသားစုဝင်များမှာ နေစရာအတွက် အိမ်ငှားနေထိုင်ရန် အိမ်အမြန်ရှာဖွေနေရပြီး အိမ်ငှားခများမြင့်တက်နေ၍ အခက်အခဲများတွေ့နေကြောင်း ဒေသခံများက ပြောသည်။ ၁၀ ရက်အတွင်းမဖယ်ရှားပါက အင်အားသုံးဖယ်ရှားမည်ဟုခြိမ်း​​ခြောက်ထားပြီး ၊ဖယ်ရှားရမည်​နေအိမ်များ၊လမ်းများကို ဇွန် ၂၆ ရက်တွင် စစ်​ကောင်စီက ​ဆေးနီဖြင့်လိုက်သုတ်ထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

မန္တ​လေးမြို့ပြ ဧရိယာချဲ့ထွင်လာမှု​ကြောင့် ​ငွေ​ကြေးအလယ်အလတ်နှင့် အနည်းငယ်သာတက်နိုင်သူများ ၊​ဒေသခံများသည် ကန်​ကောက်ရွာ၊နန်းဦးလွင်ရွာကဲ့သို့​ကျေးရွာများတွင် ​မိမိအစီအစဥ်ဖြင့် နေအိမ်​ဆောက်လုပ် ​နေထိုင်ကြခြင်းဖြစ်သည်။

​နေအိမ်များ​ဆောက်လုပ်​နေထိုင်သည်မှာ ကြာပြီဖြစ်ပြီး ယခုမှ အာဏာသိမ်းစစ်​ကောင်စီက လယ်ယာ​မြေကိုဝယ်ယူ​နေထိုင်သည်ဆိုကာ ဖယ်ရှားခိုင်းခြင်းမှာ ပြည်သူများဒုက္ခ​ရောက်​အောင်ပြုလုပ်ခြင်းသာဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

စစ်​ကောင်စီက လယ်ယာ​မြေ ဥပ​ဒေပုဒ်မ ၁၉ (ဃ) အရ လယ်ယာ​မြေ ​ပေါ်တွင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထား​သောအ​ဆောက်အအုံများဟု ဆိုထားသည်။ ထို​မြေများတွင်ဝန်းခတ်၍ ​နေအိမ်များ​ဆောက်လုပ်စဥ်က အာဏာပိုင်ဟုဆိုသူများ ဘယ်​ရောက်​နေ၍ မတားမြစ်သလဲဟု​​ဒေသခံများကမေးခွန်းထုတ်သလို၊ ​မြေဧက​ပေါင်းများစွာဝယ်ယူ၍ ​နေအိမ်ဆောက်လုပ်ထား​ပြီး အခြားလုပ်ငန်းလွှဲ​ပြောင်းလုပ်ကိုင်​နေ​သော တရုတ်လုပ်ငန်းရှင်များကို​ရော စစ်​ကောင်စီ ဖယ်ရှားဖျက်ဆီးခိုင်းရဲပါသလားဟု ​ဒေသခံများက​မေးခွန်းထုတ်သည်။

(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)

“လယ်ယာမြေမှာဘာလို့ဝယ်နေလဲ လယ်မြေကိုဝယ်မှတော့ခံရမှာပေါ့ဆိုတာမျိုးက ရှိနေတဲ့ဖြစ်နေတဲ့သူတွေအတွက် ကူရာကယ်ရာပိုမဲ့ပါတယ်။” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လအတွင်း၌လည်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၁) ဘက်ရှိ နေအိမ်များကို ဖယ်ရှားခဲ့သည်။ထိုအပြင် စစ်​ကောင်စီသည် မန္တလေးမြို့သစ် ကံကြီးကုန်း ၊ဇီးအုပ်ရပ်ကွက်ရှိနေအိမ်များ အပါအဝင် မန္တလေးမြို့အနှံ့က ​သောင်းနှင့်ချီ​သော ​နေအိမ်များကိုလည်း ကျူး​ကျော်ဆိုကာဖျက်ဆီးခဲ့သည်။

ရန်ကုန်မြို့တွင်လည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စ​သဖြင့် မြို့နယ်များစွာတွင် ​နေအိမ်​​ပေါင်းသာင်းနှင့်ချီ၍ ကျူး​ကျော်ဟုဆိုကာအင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။