Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်ကို စစ်ကောင်စီတပ် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ကောင်စီတပ်က ပွင့်လင်းကာလကတည်းက စစ်အင်အားများ ဖြည့်တင်းနေသော်လည်း ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

(ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ‌မီးရှို့ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ‌မီးရှို့ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪️ဟားခါးတွင်လည်း တိုက်ပွဲငယ်အချို့ ဖြစ်ပွား

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇွန်လ ၂၇ရက်က ထန်တလန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်သေဆုံးမှုမရှိဟု ဆိုသည်။

“၂၇ ရက်နေ့က ထန်တလန်ကို နှစ်ကြိမ် ဗုံးကြဲတယ်။ နောက်ခုတလော ထောက်ပို့ယဉ်တွေ ဟားခါး ဗျူဟာကုန်းကို ဆင်းနေတယ်။ ဟားခါးမြို့ထဲမှာ ကြိုကြားတိုက်ပွဲငယ်တော့ရှိနေတယ်” ဟု ဆလိုင်းထက်နီက ချင်းပြည်အတွင်း လတ်တလော စစ်ရေးအခြေအနေကို ပြောပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာနိုင်သော်လည်း မိုးကာလဖြစ်၍မြေပြင်ထိုးစစ်ဆင်ခြင်းအားနည်းနိုင်သည်ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ကောင်စီတပ်က ပွင့်လင်းကာလကတည်းက စစ်အင်အားများ ဖြည့်တင်းနေသော်လည်း ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

မေလကုန်ပိုင်းတွင် ဟားခါးမှ ထန်တလန်မြို့သို့ဦးတည်ပြီး လေကြောင်း၊ မြေပြင်အပြင် လက်နက်ကြီးများအသုံးပြုပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်များ ထန်တလန်မြို့ကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ ချင်းပူးပေါင်းတပ်က စိုးမိုးထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။