Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ကြီးမှာ လယ်မြေပေါ် အိမ်ဆောက်လို့ဆိုပြီးဖျက်ပေးရမယ့်နေရာတွေ ထပ်တိုးလာ

အဲဒီရွာတွေနားက လယ်ယာမြေပေါ်မှာ ခွင့်မရဘဲ အကွက်တွေရိုက်ပြီးအိမ်ဆောက်နေထိုင်တာ ၊ မဟာဓာတ်အားလိုင်းတာဝါတိုင်အနီးက နေအိမ် အဆောက်အဦးတွေကို ဖျက်ဖို့ မနေ့က နဲ့ဒီနေ့မှာ စာကပ်သွားတာလို့သိရပါတယ်။

ပုသိမ်ကြီးမှာ လယ်မြေပေါ် အိမ်ဆောက်လို့ဆိုပြီးဖျက်ပေးရမယ့်နေရာတွေ ထပ်တိုးလာ
ပုသိမ်ကြီးမှာ လယ်မြေပေါ် အိမ်ဆောက်လို့ဆိုပြီးဖျက်ပေးရမယ့်နေရာတွေ ထပ်တိုးလာ

မန္တလေး ၊ ပုသိမ်ကြီးမြို့နယ်ထဲက လယ်မြေတွေပေါ်မှာ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်နေထိုင်တယ်ဆိုပြီး ဖျက်ခံရမယ့် နေရာတွေ ထပ်တိုးလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ရှားဖို့ သတိပေးစာကပ်ခံရတဲ့နေရာဟာ နန်းဦးလွင်ကျေးရွာအုပ်စု ၊ကံကောက်ကျေးရွာအနီးက အိမ်တွေပဲဖြစ်ပြီး အခုတော့ ပုသိမ်ကြီးမြို့နယ်ထဲက ရွာရှည်၊ သလဲကုန်း၊ ဂွေ့ကြီးကုန်း၊ သမ္မတော၊ သန့်စင်ကုန်း၊ ဘိုတက်ကုန်းစတဲ့ ကျေးရွာအနီးနယ်နိမိတ်တွေမှာဆောက်ထားတဲ့အိမ်တွေလည်းပါလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီရွာတွေနားက လယ်ယာမြေပေါ်မှာ ခွင့်မရဘဲ အကွက်တွေရိုက်ပြီးအိမ်ဆောက်နေထိုင်တာ ၊ မဟာဓာတ်အားလိုင်းတာဝါတိုင်အနီးက နေအိမ် အဆောက်အဦးတွေကို ဖျက်ဖို့ မနေ့က နဲ့ဒီနေ့မှာ စာကပ်သွားတာလို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဖယ်ရှားရမယ့်နေအိမ်တွေရှေ့မှာ သင်္ဘောဆေးအနီရောင်နဲ့ ကြက်ခြေခတ်သင်္ကေတ လုပ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

” ဆေးအနီရောင်နဲ့အမှားခြစ်ခြစ်သွားတယ် ၊လယ်မြေဖို့ပြီး အိမ်ဆောက်ထားတဲ့နေအိမ်တွေအကုန်ပါတယ်”လို့ ဂွေ့ကြီးကုန်းကျေးရွာအတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

ရွာမြေအတွင်းပါဝင်တဲ့ နေအိမ်တွေကတော့ ဖယ်ရှားခံရမယ့်အထဲ မပါဘူးလို့ဆိုပါတယ်။

လက်ရှိအခြေအနေအရ ပုသိမ်ကြီးမြို့နယ်ထဲမှာ ဖျက်ခံရမယ့်နေအိမ်တွေအရေအတွက်ဟာ ထောင်ချီ နေပြီလို့လည်းသိရပါတယ်။

လယ်မြေပေါ်မှာ အခွင့်မရဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေအနေနဲ့ လာမယ့် ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ်လို့ စစ်တပ်က ဖိအားပေးထားတာပါ။