Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၃၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်တပ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရဖို့ ကြိုးပမ်းနေဟု ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာ တရားစီရင်မှုများရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့မှာ ပြောကြားခဲ့တဲ့ ယာယီသမ္မတရဲ့ အမှာစကားကို ဒီနေ့ ပြည်သူလူထုသို့ပြန်လည် သတင်းစကားပါးခဲ့တာပါ။ ဒါ့အပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ ဥပဒေ၊ မူဝါဒများနဲ့ ကာကွယ်သွားမယ်လို့ ယာယီသမ္မတက ပြောပါတယ်။

စစ်ကောင်စီတပ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရရန် ကြိုးပမ်းနေဟု ယာယီသမ္မတပြော
စစ်ကောင်စီတပ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရရန် ကြိုးပမ်းနေဟု ယာယီသမ္မတပြော

▪️စစ်အာဏာသိမ်းမှုကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာ

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်း၊ မက်တာဖက်တမင်ထုတ်လုပ်မှု မြင့်တက်ခြင်း၊ တရားမဝင်မှောင်ခိုမှုများ မြင့်တက်ခြင်းဟာ စစ်တပ် မတရားအာဏာသိမ်းမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်များစွာထဲမှ အချို့ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။ ပြည်သူတို့ရဲ့ ဆန္ဒနှင့်အညီ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်ရရှိတာကသာ အဲဒီစိန်ခေါ်မှုများကို ဖြေရှင်းနိုင်မှာလို့ သံအမတ်ကြီးက ဆက်ပြောသည်။ UNODCရဲ့ စစ်တမ်းများအရ ၂၀၁၄ ကစလို့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့တာကို တွေ့ရပေမယ့် စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ မှာ ၂၀၂၁ ကထက် ၃၃ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့တယ်လို့ သိရပါတယ်။ မက်တာဖက်တမင် ထုတ်လုပ်မှုလည်း သိသာစွာ တိုးတက်လာတယ်လို့ သံအမတ်ကြီးက အစီရင်ခံပါတယ်။

(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)
(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)

▪️ညောင်ကုန်းရွာ ဗုံးကြဲခံရမှု ပြည်သူ (၁၃)ဦး သေဆုံးပြီး ရဟန်း(၁)ပါးပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာ ပြည်သူ(၁၃)ဦးသေဆုံးကာ ရဟန်းသံဃာတော်(၁)ပါး ပျံလွန်တော်မူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန(MOHR) သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီး​ ၅ ဦးပါဝင်ပြီး ထိခိုက်သူတွေထဲ အသက် ၇၂ နှစ်အရွယ်အဘွားအိုတစ်ဦးအပါအဝင် အမျိုးသမီး ၉ ဦးအထိ ရှိခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MOHR က ဆိုပါတယ်။ ဇွန်လ ၂၇ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁၄)လုံး၊ ဘုန်းကြီးကျောင်းဆောင် (၂)လုံးပျက်စီးကာ နွား(၂)ကောင် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)

▪️မန္တလေးနန်းတွင်းကို နည်းပညာမြင့်ပစ္စည်းများသုံးကာ နှစ်ကြိမ်တိုက်ခိုက်

‘တိမ်ပျံစစ်ဆင်ရေး’အဖြစ် မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ်ကို နည်းပညာမြင့်ပစ္စည်းများအသုံးပြုကာ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power-GZP မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၂၆ ရက် ညပိုင်းက နန်းတွင်းရှိ စစ်ကောင်စီတပ်ကို GZP(Mandalay)နဲ့ Peacock Warrior Force(မတ္တရာ)အဖွဲ့တို့ပူးပေါင်းပြီး နည်းပညာမြင့်ပစ္စည်းများအသုံးပြုပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ရေးပစ်မှတ်များကို ထိရောက်အောင် ပစ်ခတ်နိုင်ခဲ့ပြီး စစ်တိုင်းမှူးနဲ့ ဒုစစ်တိုင်းမှူးတို့ရဲ့ နေအိမ်အဆောက်အအုံများ ထိခိုက်မှုရှိတယ်လို့ GZP မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)
(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)

▪️ရွာသစ်မြို့တိုက်ပွဲ KRU ရဲဘော်တစ်ဦးကျဆုံး

ကရင်နီပြည်နယ် ရွာသစ်မြို့တိုက်ပွဲမှာ ရဲဘော် တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု (KRU)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကရင်နီပြည်အတွင်း နေရာအနှံ့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်များမှ အပြင်းအထန်ခုခံလျက်ရှိကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဟာ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသများသို့ စစ်ကူ(စစ်ကြောင်း)များ စေလွှတ်ကာ အတူတကွ တိုက်ထုတ်နေတယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ ရက်က ရွာသစ်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် KRUတပ်ပေါင်းစုရဲ့ တပ်ခွဲ(၂) GZ-21(Loikaw)မှ (၁၉)နှစ်အရွယ် ရဲဘော် ခရစ္စတိုဖာ(ခ)ဂျော့ဒူ ကျဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိနဲ့ စစ်သည် သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ - KRU)
(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ – KRU)

▪️MNDAA နဲ့ တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု ကိုးကန့်သတင်းရင်းမြစ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကိုးကန့်သတင်းရင်းမြစ်က ပြောပါတယ်။ ကိုးကန့်ဒေသ မုံးကိုးခရိုင်တစ်နေရာမှာ ဇွန်လ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။ ကိုးကန့်သတင်းရင်းမြစ်ကတော့ အတည်မပြုနိုင်သေးပေမယ့် စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးတယ်လို့ ကြားသိထားကြောင်း ပြောပါတယ်။ ကချင်သတင်းဌာန Kachinwaves ရဲ့ တိုက်ပွဲသတင်းဖော်ပြချက်မှာ မူဆယ်မြို့နယ် မုံးပေါ်ဒေသသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ MNDAA တို့ မနေ့ နေ့ခင်းက တိုက်ပွဲဖြစ်ပွားရာ MNDAAဘက်မှ သုံးဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုမသိရသေးဘူးလို့ ဆိုပါတယ်။

(ကိုးကန့်စစ်မြေပြင်တွင် စစ်ကောင်စီတပ်ထံမှ MNDAAက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဥ်။ ဓာတ်ပုံ - The Kokang)
(ကိုးကန့်စစ်မြေပြင်တွင် စစ်ကောင်စီတပ်ထံမှ MNDAAက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဥ်။ ဓာတ်ပုံ – The Kokang)

▪️မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖြစ် ပြောင်းလဲဖွဲ့စည်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Monywa People Defence Force – MPDF)ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(Burma Liberation Democratic Front – BLDF)ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ဇွန်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တော်လှန်ရေးကာလလိုအပ်ချက်နဲ့ တပ်ဖွဲ့များ ကျစ်လျစ်ခိုင်မာစွာ စုစည်းတိုက်ပွဲဝင်နိုင်ရေး၊ ဗမာတစ်မျိုးသားလုံး လွတ်မြောက်ရေးနဲ့အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်နိုင်ရေးတို့အတွက် မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ဖျက်သိမ်းပြီး ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များနဲ့ပူးပေါင်းကာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(Burma Liberation Democratic Front – BLDF)ကို တရားဝင် ဖွဲ့စည်းထူထောင်လိုက်တယ်လို့ ဖော်ပြပါတယ်။ BLDFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးကို အောင်မြင်သည်အထိ ဆုံးခန်းတိုင်အောင် ဆင်နွှဲသွားမယ်လို့ အသိပေးပါတယ်။

(BLDF အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BLDF)
(BLDF အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BLDF)

▪️ရေစကြိုနယ် ငတရော်ရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငတရော်ကျေးရွာကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ ညနေပိုင်းက ရေစကြိုမြို့နယ်၊ မင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများက ငတရော်ကျေးရွာသို့ (၆၀) မမများနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ အီနာဂါချ တိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်းရှိ (၃၆)နှစ်အရွယ် မစန်းဌေးဆိုသူ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဒေသခံပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ် ပစ်ခတ်သော မကွဲသေးသည့်ဗုံးသီးအား ငတရော်ကျေးရွာအတွင်း တွေ့ရစဥ်> ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သော မကွဲသေးသည့်ဗုံးသီးအား ငတရော်ကျေးရွာအတွင်း တွေ့ရစဥ်> ဓာတ်ပုံ – CJ)