Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ

စိမ်းလန်းမြေအဖွဲ့သည် ယင်းဒေသများ၌ သစ်ပင်များစိုက်ပျိုးမည့်အကြောင်းကို ဇွန်လဆန်း၌ ကြေညာခဲ့ပြီး လကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ
ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ

အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နှစ်ရှည်ပင် တစ်သောင်းကျော် စိုက်ပျိုးခဲ့ကြောင်း စိမ်းလန်းမြေတောင်တန်းဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ တာဝန်ရှိသူ မထူးမေက ပြောသည်။

“ဒီနှစ်အတွက်တော့ ဒေသခံတွေရဲ့အဓိကလိုအပ်ချက်အပေါ်မူတည်ပြီး ရေရှည်အကျိုးရှိစေမယ့်နှစ်ရှည်ပင်မျိုးကိုပဲဦးစားပေးစိုက်နိုင်ပါသေးတယ်၊၊ အပင်အမျိုးအစားမှာ ခါတော်မီ အပင်ပေါင်း ၈၀၀၀၊ မန်ဂျန်ခြား ၂၀၀၀ နှင့် ထောပတ် အပင်ပေါင်း ၁၀၀၀ တို့ဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့ကို အပင်ပေါင်း တသောင်းတထောင်ကို တန်ဖိုးထားရင်းနဲ့ စိုက်ပျိုးဖြစ်ခဲ့ကြဖြစ်ပါတယ်၊၊” ဟု ၎င်းက ပြောသည်။

ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ
ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ

စိမ်းလန်းမြေအဖွဲ့သည် ယင်းဒေသများ၌ သစ်ပင်များစိုက်ပျိုးမည့်အကြောင်းကို ဇွန်လဆန်း၌ ကြေညာခဲ့ပြီး လကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ကရင်နီပြည် ဒီမော့ဆိုမြို့ပေါ်ကို မေလ ၂၁ ရက်နေ့ကစလို့ ဒီကနေ့ဒီအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း ၂ နှစ်အတွင်း စစ်ရှောင်ပြည်သူလူထုဟာ ၃ သိန်းနီးပါးရှိနေပါတယ်၊ သူတို့က တဲဆောက်ဖို့ တောင်တန်းဒေသထွက် သစ်ပင်၊ ဝါးပင်တွေကိုသာ မှီခိုအားကိုးနေကြရတာကြောင့် နှစ်ရှည်ပင်၊ သစ်ပင်၊ ဝါးပင်တွေ အခုချိန်မှာ ပိုလို့တောင်စိုက်ပျိုးသင့်ပါတယ်၊”ဟု ၎င်းက အကြံပြုသည်။

စိမ်းလန်းမြေအဖွဲ့အနေဖြင့်လည်း နှစ်ရှည်ပင်များအပြင် သစ်မာပင် ၊ ဝါးပင်နှင့် အလှပင်များဆက်လက်စိုက်ပျိုးသွားရန်အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ
ယမ်းငွေ့ဝေတဲ့ဒေသမှာ နှစ်ရှည်ပင်တစ်သောင်းကျော်စိုက်ပျိုးတဲ့ စိမ်းလန်းမြေ

“တစ်ချိန်က စိမ်းလန်းပြီး အစားအစာ ဆေးဝါးနှင့် အစာအဟာရဓာတ်ပေါများခဲ့တဲ့ တောင်တန်းဒေသတွေက ဘာမှမကျန် တောင်ကတုံးတွေသာတွေ့မြင်နေရလို့ ဝမ်းနည်းစရာတွေအများကြီးဖြစ်ရပါတယ် ဒါတွေအကုန်လုံးက ဆက်စပ်နေပြီး မိုးခေါင်ရေရှားခြင်းကိုဖြစ်ပေါစေပါတယ်ဆိုတာကို ဒီခေတ်က ကလေး၊လူကြီး မကျန်သိမြင်စေလိုပါတယ်၊၊”ဟု မထူးမေက ပြောသည်။

(စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် ပူးပေါင်းချင်ပါက သို့မဟုတ် လှူဒါန်းလိုပါက https://web.facebook.com/Greenland.EnvironmentalConservationOrganisation တွင်ဆက်သွယ်နိုင်ပါသည်။)