Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ဆေးခန်း ဖွင့်လှစ်

S&C အဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်နိုင်မည့် အစီအစဥ်များလည်း ရှိကြောင်းနှင့် ပြည်သူများမှလည်း လိုအပ်သည့် ဆေးဝါးများကို ဆက်လက်၍ အကူအညီပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)
(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ အခမဲ့ဆေးခန်း ဖွင့်လှစ်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ အခမဲ့ဆေးခန်းကို ​နိုင်ငံ​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည် ​မွေး​နေ့ အမှတ်တရ ဖွင့်လှစ်​သော ပထမဆုံး​ဆေးခန်းဖြစ်သည်။နေ့စဥ် လူနာ ၂၀ နှင့် ၅၀ ကြား ဆေးကုသမှုများကို CDM ဆရာ၀န်၊ သူနာပြုနှင့် ပရဟိတ ကျန်းမာရေးဝန်ထမ်းများက အလှည့်ကျ ကုသပေးနေကြောင်း S&C အဖွဲ့က ပြောသည်။

(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)
(ဓာတ်ပုံ – S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

” အရင်က စစ်ဘေးသင့် ပြည်သူတွေဟာ ဆေးကုသဖို့ ခက်ခဲတဲ့ အခြေအနေ ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် တောတွင်းရှောင်တိမ်းရတဲ့ အခါမှာလည်း ရောဂါဝေဒနာ ခံစားရရင်တောင် ဆေးကုသဖို့ နေရာ မရှိ၊ ကုသပေးမဲ့သူ မရှိပါဘူး။ အခုတော့ စစ်ဘေးသင့် ပြည်သူတွေကို ကုသမှုပေးနိုင်လို့ ၀မ်းသာပီတိဖြစ်ရပါတယ်။ S&C အခမဲ့ ဆေးခန်းလေးဟာ သူတို့အတွက် အဖိုးအထိုက်တန်ဆုံး အရာတစ်ခုအဖြစ်လည်း တန်ဖိုးထားကြပါတယ် ” ဟု ယင်းအဖွဲ့က ဆိုသည်။

(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)
(ဓာတ်ပုံ – S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

ထို့အပြင် S&C အဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်နိုင်မည့် အစီအစဥ်များလည်း ရှိကြောင်းနှင့် ပြည်သူများမှလည်း လိုအပ်သည့် ဆေးဝါးများကို ဆက်လက်၍ အကူအညီပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

“တစ်ရက်ကို ၂၀ကနေ ၅၀အထိ အတွင်းလူနာလာပါတယ်။ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘဏ္ဍာငွေ လိုအပ်နေပါတယ်”ဟု S&Cကတာဝန်ရှိသူက ပြောသည်။