Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ခမ်းပက်မြို့ ကို​လေ​ကြောင်းမှဗုံးကြဲ

ရက်ဆက်တိုက်ပွဲများတွင် ​အထိနာ​​နေသောစစ်​ကောင်စီသည် ဇူလိုင် ၂၅ ရက်ည​နေပိုင်းတွင် ခမ်းပက်မြို့ကို Mi-35 ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သလို၊ ညပိုင်းတွင် တိုက်​လေယာဥ်ဖြင့် ဗုံးအလုံး​ရေများစွာကြဲချ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

(ခမ်းပက်မြို့အနီး စစ်​ကောင်စီတပ်က ဇူလိုင် ၂၅ ရက်ည​နေပိုင်းက​လေ​ကြောင်းတိုက်ခိုက်မှု အပြီး​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ခမ်းပက်မြို့အနီး စစ်​ကောင်စီတပ်က ဇူလိုင် ၂၅ ရက်ည​နေပိုင်းက​လေ​ကြောင်းတိုက်ခိုက်မှု အပြီး​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တမူးခရိုင်၊ ခမ်းပက်မြို့တွင် ​​လေးရက်ဆက်တိုက်ပွဲများဖြစ်ပွားပြီး​နောက် ​စစ်​ကောင်စီတပ်က ခမ်းပက်မြို့နှင့်အနီးဝန်းကျင်​ကျေးရွာများကို ယမန်​နေ့ ည​နေ နှင့် ညပိုင်းတွင် ​​လေ​ကြောင်းပစ်ခတ်တိုက်ခိုက်၊ဗုံးကြဲခဲ့​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

ရက်ဆက်တိုက်ပွဲများတွင် ​အထိနာ​​နေသောစစ်​ကောင်စီသည် ဇူလိုင် ၂၅ ရက်ည​နေပိုင်းတွင် ခမ်းပက်မြို့ကို Mi-35 ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သလို၊ ညပိုင်းတွင် တိုက်​လေယာဥ်ဖြင့် ဗုံးအလုံး​ရေများစွာကြဲချ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ညနေပိုင်းကMi 17 ၊ 35တွေနဲ့ပစ်ပေမယ့်ညပိုင်းမှာဂျက်ဖိုက်တာနဲ့ မြို့တွင်းရော ၊မြို့ပြင်ရော မြို့အနီးကျေးရွာတွေရောကြဲချသွားတယ်လို့သိရပါတယ်”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

ခမ်းပက်မြို့တွင် ရပ်ကွက် ၅ ခုရှိရာ ရပ်ကွက်တိုင်းကို စစ်​ကောင်စီက ဗုံးကျဲတိုက်ခိုက်သွားခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။စစ်​ကောင်စီ၏ ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကိုမူ မသိ့ရ​​သေးပေ ။

(ခမ်းပက်မြို့အနီး စစ်​ကောင်စီတပ်က ဇူလိုင် ၂၅ ရက်ည​နေပိုင်းက​လေ​ကြောင်းတိုက်ခိုက်မှု အပြီး​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ခမ်းပက်မြို့အနီး စစ်​ကောင်စီတပ်က ဇူလိုင် ၂၅ ရက်ည​နေပိုင်းက​လေ​ကြောင်းတိုက်ခိုက်မှု အပြီး​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

​ဒေသခံအချို့က ​လေ​ကြောင်းမှတိုက်ခိုက်​သော ​လေယာဥ် ၊ရဟတ်ယာဥ် စုစု​ပေါင်း ၅ စီးအသုံးပြုခဲ့ပြီး ​လေ​ကြောင်းတိုက်ခိုက်မှုအကြိမ်​ရေ ၅၀ ခန့်အထိရှိ​ကြောင်း​ပြောသည်။သို့​သော် People’s Spring က ​လေ​ကြောင်းတိုက်ခိုက်မှုအကြိမ်​ရေကို သီးခြားအတည်မပြုနိုင်​သေးပါ။

​ဒေသခံအများစုမှာတိုက်ပွဲများဖြစ်ပွားခဲ့​သော ဇူလိုင် ၂၂ ရက်​နောက်ပိုင်းထွက်​ပြေးတိမ်း​ရှောင်ကြ​သော်လည်း မြို့တွင် ​ငွေ​ကြေးမတက်နိုင်​သောဆင်းရဲသူ ၊သက်ကြီးရွယ်အို နှင့် ကျန်းမာ​ရေးမ​ကောင်းသူအချို့ မ​ရွေ့​ပြောင်းနိုင်ဘဲ ကျန်ရှိ​နေ​သေးကြောင်း​ဒေသခံအချို့က​ပြောသည်။ ခမ်းပက်မြို့အပြင် အနီးဝန်းကျင်ရှိ ​ကျေးရွာများမှ ​ဒေသခံများပါ​ဘေးလွတ်ရာသို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်တပ်​လေ​ကြောင်းပျံသန်းမှုများ​စောင့်ကြည့်မှတ်တမ်းတင်သတိ​ပေး​နေ​သော EAR (Enemy Air Route ချန်နယ်)၏​ဖော်ပြချက်အရ စစ်​ကောင်စီက မုံရွာနှင့် က​လေးမြို့မှာ Mi-35 ၊ Mi-17 ရဟတ်ယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး ၊ယမန်​နေ့ညတွင် တံတားဦး​လေတပ်မှ တိုက်​လေယာဥ်များ

ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

က​လေး​လေတပ်မှ Mi-35 တိုက်ခိုက်​ရေးရဟတ်ယာဥ်မှာ ဇူလိုင် ၂၅ ည​နေ ၅ နာရီ ၁၁ မိနစ်တွင် ခမ်းပက်မြို့သို့ပျံသန်းပြီး​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ည​နေ ၆ နာရီ ၃၂ မိနစ်တွင်ပြန်လည်ဆင်းသက်သည်ကို​တွေ့ရသည်။

တံတားဦး​လေတပ်မှ ဂျက်ဖိုက်တာတစ်စင်းကလည်း ည ၁၁ နာရီ ၁၆ မိနစ်တွင် ​မြောက်ဘက်သို့ပျံသန်းပြီး ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ည ၁၂ နာရီ ၂၉ မိနစ်၌ပြန်လည်းဆင်သက်​ကြောင်း EAR ၏ အချက်အလက်များအရသိရသည်။

ခမ်းပက်မြို့ရှိ ရဲစခန်းနှင့် စစ်​ကောင်စီတပ်ကို ​တော်လှန်​ရေးအင်အားစုများက ဇူလိုင် ၂၂ ရက်ညတွင်စတင်တိုက်ခိုက်ပြီး စစ်တပ်က က​လေးမြို့မှ စစ်သားများကို ဇူလိုင် ၂၃ ရက်တွင်လေ​ကြောင်းမှ ခမ်းပက်မြို့ နှင့်အနည်းငယ်​သာ​ဝေး​သော​နေရာသို့ချ၍ ပို့​ပေးခဲ့သည်။ ထိုစစ်ကူများကိုပါ​တော်လှန်​ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်၍ စစ်​ကောင်စီတပ်အထိနာခဲ့သည်။ထို​​နောက် တိုက်ပွဲ ​၄ ရက်​​မြောက်​နေ့တွင် ​စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အခြားသတင်းတစ်ရပ်တွင် တိုက်ပွဲများဖြစ်၍ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ နယ်စပ်သို့ထွက်​ပြေး​သောစစ်​ဘေး​ရှောင်များကို အိန္ဒိယနိုင်ငံဘက်မှလက်မခံဘဲ ပြန်ခိုင်း​​​နေကြောင်း​ဒေသခံအချို့က​ပြောသည်။ အိန္ဒိယအ​ခြေစိုက်သတင်းဌာနများက ဇူလိုင် ၂၅ ရက် ​ဖော်ပြချက်တွင် မြန်မာနိုင်ငံဘက်မှာ အ​ထောက်အထားမဲ့ပြည်သူ ၇၀၀ ​ကျော်မှာ ဇူလိုင် ၂၂ ၊၂၃ ရက်တွင်​ရောက်လာ၍ ဗဟိုအစိုးရက နယ်ခြား​စောင့်တပ်ဖြစ်​သော အာသန်ရိုင်ဖယ်တပ်ကို အ​ကြောင်းအရင်းစုံစမ်း၍တင်ပြခိုင်းထားသည်ဟု ​ဖော်ပြထားကြသည်။မဏိပူရ် ပြည်နယ်တွင် လွန်ခဲ့သည်လအနည်းငယ်က ကသည်းနှင့် ကူကီးမျိုးနွယ်စုကြား လူမျိုး​ရေး ဘာသာ​ရေးပဋိပက္ခများဖြစ်၍ လူ​ပေါင်းရာချီ​သေဆုံးခဲ့သဖြင့် တည်ငြိမ်​နေရန်ကြိုးစား​နေစဥ် မြန်မညနိုင်ငံဘက်မှ ဒုက္ခသည်များဝင်​ရောက်လာခြင်းအ​ပေါ် အိန္ဒိယကစိုးရိမ်​နေ​ကြောင်းသိရသည်။

“စစ်​ဘေး​ရှောင်​တွေပိုတိုးလာ​တော့မယ်”ဟု​ဒေသခံတစ်ဦးက​ပြောသည်။