Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ဆန်ယာန်ဒေသ စစ်ကူလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွာသွားဟု KIA ပြော

ကချင်ဒေသခံ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ ယမန်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက် KIAနှင့် စစ်ကောင်စီ နေရာ ၃ခုတွင် တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

(ရှေ့တန်းစစ်ဆင်ရေးတစ်နေရာမှ KIA တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရှေ့တန်းစစ်ဆင်ရေးတစ်နေရာမှ KIA တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားသည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဇူလိုင် ၂၅ရက် တိုက်ပွဲများမှာ တိုက်ပွဲကြီးများဖြစ်ပွားခြင်းမဟုတ်ဘဲ ခုခံတိုက်ခိုက်မှုသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မြစ်ကြီးနားဘက်ကနေ နမ့်ဆန်ယာန်ဘက်ကို စစ်ကူတက်လာတဲ့ အဖွဲ့တွေကို ဒဘတ်ယန်ဘက်မှာ မနက်ပိုင်းတစ်ခါ၊ ညနေပိုင်းတစ်ခါ၊ မနေ့ညတုန်းက နှစ်ခါတိုက်ပွဲဖြစ်တာပေါ့။ ကျနော်တို့ဘက်က ခုခံတိုက်ခိုက် တဲ့အချိန်မှာ သူတို့လည်း ပြန်ပြီးမှ ဆုတ်သွားဆုတ်သွား အဲဒီလိုပြန်ဖြစ်သွားတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ည သန်းခေါင်တွင် စစ်ကောင်စီတပ်က နမ့်ဆန်ယာန်ဒေသသို့ လေယာဉ်ပျံဝဲမှုရှိကြောင်း ၎င်းက ဆိုသည်။

“ညသန်းခေါင်ယံလောက်မှာ လေယာဉ်ပျံလည်း လာတော့လာတယ်။ ဒါပေမဲ့ ဗုံးကြဲတာတွေတော့ မရှိဘူး။ ဝဲပြီးမှ ပြန်ခေါက်သွားတာ။ မြေပြင်ဘက်မှာ နည်းနည်းတော့ သူတို့ပြန်လှုပ်ရှားလာတယ်။ လှုပ်ရှားလာလို့ကျနော်တို့ ပြန်ပြီးမှ အောင်ဂျာ မလိယန်ကြားမှာ ကျနော်တို့ ပြန် ခုခံတိုက်ခိုက်မှုလုပ်တဲ့အခါ သူတို့လည်း ပြန်ပြီးမှ ငြိမ်သွားတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်က နမ့်ဆန်ယာန်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားအချို့သေဆုံးကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပျက်စီးခဲ့သည်။

ကချင်ဒေသခံ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ ယမန်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက် KIAနှင့် စစ်ကောင်စီ နေရာ ၃ခုတွင် တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။