Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနှင့် မြိုင်မြို့ရှိ ရဲစခန်းနှင့် ပျူစခန်းများအား မောင်းသူမဲ့ယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်

သြဂုတ် ၁ ရက် ညနေ ၅ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးရွာရှိ ပျူစောထီးစခန်းသို့ မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။

ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)
ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)

မကွေးတိုင်း၊ ရေစကြိုနှင့် မြိုင်မြို့ရှိ ရဲစခန်းနှင့် ပျူစောထီးစခန်းများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (သြဂုတ်၃ ရက်) မွန်းလွဲ ၁နာရီခန့်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူများရှိရာ စခန်းကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များ ပူးပေါင်းကာ မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်အုပ်စုသည် ရေစကြို-ပခုက္ကူလမ်းပိုင်းတွင် ပြည်သူများနှင့် ကုန်တင်မော်တော်ယာဉ်များအား ငွေတောင်းခံခြင်း၊မတရားဖမ်းဆီး စစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီတပ်စွဲထားသော မြိုင်မြို့ရဲစခန်းအား မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးသီး ငါးလုံးချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

“ကျွန်တော်တို့ ပလန်ဆွဲထားတဲ့ အဝန်းအဝိုင်းထဲပဲ ကျတာတော့သေချာတယ်။ နယ်မြေခံအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး စခတွေအနေများတဲ့ နေရာတွေကိုရွေးပြီး ဗုံးကြဲခဲ့တာပါ။ ဥပမာ ထမင်းစားချိန်ဆို ဒီကောင်တွေ ထမင်းစားနေကျနေရာကို တားဂတ်ထားတယ်။ နေ့လယ်နေ့ခင်း နား‌နေတဲ့အချိန်ဆို နားနေတဲ့နေရာကို ချတယ်။”ဟု Salingyi Special Task Force – SSTF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယမန်နေ့ စစ်ဆင်ရေးများတွင် လေယာဥ်ငယ်တစ်စီး စက်ချို့ယွင်း၍ ဆုံးရှုံးခဲ့ရကြောင်း၊ ငွေကြေးအခက်အခဲကြောင့် အကြိမ်အရေအတွက်များစွာ အသုံးပြုခဲ့ရသောကြောင့် ချို့ယွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား ရေစကြို (ပကဖ)အဖွဲ့၊Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF ၊ Myaung Special Drone Force -MSDF၊ မြိုင်(ပကဖ)တပ်ရင်း – ၂တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁ ရက် ညနေ ၅ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးရွာရှိ ပျူစောထီးစခန်းသို့ မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။