Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ဘေး​ရှောင်​နေရတဲ့ အသက် ၁၀၃ နှစ်အရွယ်အဖိုးအို

​ဘေးလွတ်မယ့်ထင်တဲ့ ​နေရာထွက်​ပြေးတိမ်း​ရှောင်​နေရ​ပေမယ့် ပူ​ရှေ့ခန့်မန်က ကျန်းကျန်းမာမာရှိ​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

(စစ်​ဘေး​ရှောင်​နေရတဲ့ အသက် ၁၀၃ နှစ်အရွယ် အဘ ပူ​ရှေ့ခန့်မန် နှင့် အဘ၏ အသက် ၁၀၂ နှစ်​မွေး​နေ့ပွဲကို ၂၀၂၂ ခုနှစ်ကလုပ်​ပေးခဲ့စဥ်က ဆု​တောင်းစာ ။ဓါတ်ပုံ-CJ)
(စစ်​ဘေး​ရှောင်​နေရတဲ့ အသက် ၁၀၃ နှစ်အရွယ် အဘ ပူ​ရှေ့ခန့်မန် နှင့် အဘ၏ အသက် ၁၀၂ နှစ်​မွေး​နေ့ပွဲကို ၂၀၂၂ ခုနှစ်ကလုပ်​ပေးခဲ့စဥ်က ဆု​တောင်းစာ ။ဓါတ်ပုံ-CJ)

အသက် ၁၀၃ နှစ်အရွယ် ပူ​ရှေ့ခန့်မန် တစ်​​ယောက် တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှာ ဇူလိုင်လ ​​နောက်ဆုံးပါတ်ကစပြီးတိုက်ပွဲ​တွေဖြစ်​နေတာကြောင့် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရပါတယ်။

လာမယ့် စက်တင်ဘာလ ၁၇ ရက်မှာ အသက် ၁၀၃ နှစ် တိတိပြည့်မယ့် အဘဟာ ဇိုမျိုးနွယ်​တွေထဲမှာ အသက်အကြီးဆုံးလို့​ဒေသခံ​တွေက​ပြောပါတယ်။ခမ်းပါတ်မြို့ အမှတ်( ၁ )ရပ်ကွက်မှာ​နေတဲ့ အဘဟာ ခမ်းပါတ်မြို့​ပေါ်နဲ့ အနီးဝန်းကျင်​ကျေးရွာ​တွေ တိုက်ပွဲ ဖြစ်လို့ ထွက်​ပြေးရတဲ့ စစ်​ဘေး​ရှောင် ပြည်သူ ​ထောင်နဲ့ ချီတဲ့အထဲက တစ်​ယောက်ဖြစ်သလို စစ်​ဘေး​ရှောင်ပြည်သူ​တွေထဲမှာ အသက်အကြီးဆုံးဖြစ်နိုင်ဖွယ်လည်းရှိပါတယ်။

​ဘေးလွတ်မယ့်ထင်တဲ့ ​နေရာထွက်​ပြေးတိမ်း​ရှောင်​နေရ​ပေမယ့် ပူ​ရှေ့ခန့်မန်က ကျန်းကျန်းမာမာရှိ​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

အဘဟာ ဗြိတိလျှကိုလိုနီ​ခေတ် ၊ ဂျပန်​ခေတ် ၊ လွန်လပ်​ရေးရပြီး​နောက်ပါလီမန်ဒီမိုက​ရေစီ​ခေတ် ၊ စစ်တပ်အာဏာစသိမ်းတဲ့ အိမ်​စောင့်အစိုးရ​ခေတ် ၊မဆလ​ခေတ် ၊ နအဖ၊နဝတ​ခေတ် စတဲ့ ​ခေတ်ကာလအသီးသီးကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဂျပန်​ခေတ်တုန်းကလည်း ပူ​ရှေ့ခန့်မန် တစ်​ယောက်စစ်​ပြေး​တွေ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရပါ​သေးတယ်။

(စစ်​ဘေး​ရှောင်​နေရတဲ့ အသက် ၁၀၃ နှစ်အရွယ် အဘ ပူ​ရှေ့ခန့်မန် နှင့် အဘ၏ အသက် ၁၀၂ နှစ်​မွေး​နေ့ပွဲကို ၂၀၂၂ ခုနှစ်ကလုပ်​ပေးခဲ့စဥ်က ဆု​တောင်းစာ ။ဓါတ်ပုံ-CJ)
(စစ်​ဘေး​ရှောင်​နေရတဲ့ အသက် ၁၀၃ နှစ်အရွယ် အဘ ပူ​ရှေ့ခန့်မန် နှင့် အဘ၏ အသက် ၁၀၂ နှစ်​မွေး​နေ့ပွဲကို ၂၀၂၂ ခုနှစ်ကလုပ်​ပေးခဲ့စဥ်က ဆု​တောင်းစာ ။ဓါတ်ပုံ-CJ)

ခမ်းပါတ်မြို့မှာ ဇူလိုင် ၂၂ ရက်ညကစပြီး စစ်​ကောင်စီတပ်နဲ့​ဒေသတွင်း​တော်လှန်​ရေးအင်အားစု​တွေတိုက်ပွဲဖြစ်ခဲ့တာပါ။အရင်တိုက်ပွဲမဖြစ်ဘူးတဲ့ခမ်းပါတ်မြို့မှာ မြို့​ပေါ်တိုက်ပွဲ​တွေဖြစ်ခဲ့တာပါ။ တိုက်ပွဲ​တွေပြင်းထန်သလို စစ်​ကောင်စီတပ်က​သေဆုံးထိခိုက်သူများတာ​ကြောင့် စစ်​ကောင်စီတပ်က ဇူလိုင် ၂၅ ရက်ကစပြီ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ ပြုလုပ်ခဲ့ပါတယ်။ဒါ​ကြောင့် ခမ်းပါတ်မြို့​ပေါ်ရယ် ၊အနီးဝန်းကျင်​ကျေးရွာ​တွေက ပြည်သူ​တွေရယ် စုစု​ပေါင်း​ထောင်ချီထွက်​ပြေးတိမ်း​ရှောင်ခဲ့ရပါတယ်။

အချို့က ရွာ​တွေဘက်​ပြေးသလို ၊အချို့က က​လေးမြို့ဘက်လည်းထွက်​ပြေးတိမ်း​ရှောင်ပါတယ်။အိန္ဒိယနယ်စပ်နဲ့နီးတာ​ကြောင့် နယ်စပ်က​နေအိန္ဒိယနိုင်ငံဘက်ထွက်​ပြေး​သူ​တွေလည်းရာနဲ့ချီရှိပါတယ်။ အိန္ဒိယအစိုးရ အစိုးရက ထွက်​ပြေးလာသူ​တွေကိုဇူလိုင်လကုန်ပိုင်းမှာ ပြန်ခိုင်းသလို ၊အသစ်ထပ်ဝင်တာ​တွေလည်းခွင့်မပြု​တော့ဘူးလို့​ဒေသခံအချို့က​ပြောပါတယ်။ ဒါ​ပေမယ့် သြဂုတ် ၃ ရက်မှာထင်းဇင်ရွာမှာတိုက်ပွဲဖြစ်လို့ ထွက်​ပြေးလာသူ​တွေကို ဆိုင်ကယ်နဲ့ကား​တွေ အဝင်မခံ​ပေမယ့် လူ​တွေကို နိုင်ငံတွင်း​ပေးဝင်တယ်လို့ပြည်သူအချို့က ​ပြောပါတယ်။

ခမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်​ကျေးရွာ​တွေမှာ.စစ်​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးအဖွဲ့​တွေ တပ်ချင်းဆိုင်ထားကြပြီးစစ်​ရေးတင်းမာ​နေသလို ၊တိုက်ပွဲ​တွေမကြာခဏ ဖြစ်ပွား​နေပါတယ်။ စစ်​ရှောင်ပြည်သူတစ်ဦး ဇူလိုင်လကုန်ပိုင်းမှာ မြို့ကိုပြန်ပြီး လိုအပ်တဲ့ပစ္စည်း​တွေယူရမှာ စစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင် စစ်​ဘေး​ရှောင်က​လေးငယ်တစ်ဦး ​နေထိုင်မ​ကောင်းဖြစ်တာ မှာ လမ်း​တွေပိတ်​နေတာ​ကြောင့် အချိန်မီကုသမှုမခံရတဲ့အတွက် ကွယ်လွန်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

UNOCHA ရဲ့စာရင်း​တွေအရ စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း က​နေ၂၀၂၃ ဇူလိုင်လလယ်အထိ့ နိူင်ငံတစ်ဝန်း တိုက်ပွဲ​တွေနဲ့ လုံခြုံ​ရေးအ​ခြေအ​နေ​​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ပြည်သူ ၁ ဒသမ ၆ သန်းရှိတယ်လို့ဆိုပါတယ်။ စစ်​ဘေး​ရှောင်အ​ရေး​ဆောင်ရွက်​နေသူ​တွေက ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ပြည်သူ အ​ရေအတွက်ဟာအဲဒီထက်အများကြီးပိုများတယ်လို့ ဆိုပါတယ်။