Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ကို တရားစွဲနိုင်အောင် အမှုတွဲတည်ဆောက်နေ

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်က ဘင်ရွာ မီးရှို့ခံရပြီးနောက်တွေ့ရစဉ်(ပုံဟောင်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်က ဘင်ရွာ မီးရှို့ခံရပြီးနောက်တွေ့ရစဉ်(ပုံဟောင်း)

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင် တင်းတင်းပိုမိုကျုးလွန်လာနေပြီး ခိုင်မာတဲ့သက်သေအထောက်အထားတွေရရှိထားပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့က အင်္ဂါနေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်တပ်နဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့အဖွဲ့တွေ ၂၀၂၂ ခုနှစ်ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်ဇွန်လအထိ တစ်နှစ်တာနီးပါးကာလအတွင်းကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေပါရှိပါတယ်။

ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ၃ မျိုး ခွဲပြရာမှာ အရပ်သားတွေကိုမခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်တာ ၊ အရပ်သားတွေနဲ့ဖမ်းဆီးခံရတဲ့ တော်လှန်ရေးသမားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ ၊အရပ်သားတွေရဲ့နေအိမ်တွေနဲ့အဆောက်အဦးတွေကိုမီးတင်ရှို့တာတွေပါဝင်ပါတယ်။

အဲဒီစစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကိုလည်း စုဆောင်းထားပြီး တရားရုံးတွေမှာ အသုံးပြုနိုင်အောင် အမှုတွဲတည်ဆောက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အစီရင်ခံစာအတွက် သတင်းရင်းမြစ် ၇၀၀ ကျော် စုစည်းခဲ့ရာမှာ မျက်မြင်သက်သေ ၂၀၀ ကျော် ၊ ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်း ၊လူမှုကွန်ရက်မှာတင်ထားတဲ့ အကြောင်းအရာတွေ ၊မြေပုံမှတ်တမ်းတွေ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

ဓာတ်ပုံ − ချင်းတွင်းချစ်သူ