Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမှာ ရှစ်လေးလုံးနှစ်ပတ်လည် ဆန္ဒပြနေချိန် လူငယ် ၃ ဦးဖမ်းခံရ

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။

မုံရွာအမြင့်လမ်းရွာတစ်ရွာမှာ ရှစ်လေးလုံးနှစ်ပတ်လည်ချီတက်ဆန္ဒပြနေကြစဉ်
မုံရွာအမြင့်လမ်းရွာတစ်ရွာမှာ ရှစ်လေးလုံးနှစ်ပတ်လည်ချီတက်ဆန္ဒပြနေကြစဉ်

ရှစ်လေးလုံး နှစ်ပတ်လည်နေ့အဖြစ် စစ်ကိုင်းတိုင်း ၊မုံရွာမြို့ပေါ်မှာ မနေ့ ညနေပိုင်း ဆန္ဒပြနေချိန် စစ်ကောင်စီတပ်ရဲ့ပစ်ခတ်ဖြိုခွင်းခံရပြီး လူငယ် ၃ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံကသိရပါတယ်။

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။

” ဝိုင်းပစ်တဲ့အချိန်မှာ အားလုံးပြေးကြတာပေါ့ ၊ချက်ချင်းဆိုသလို ကောက်တင်သွားတာ”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူငယ် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရသွားနိုင်ခြေရှိတယ်လို့ လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က ဆိုထားပါတယ်။

လူငယ် ၃ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့သိရပါတယ်။

ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ