Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆယ်ဇင်းအနီးတိုက်ပွဲ လေကြောင်းဗုံးမှားကြဲ၍ စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ် သေဆုံးထိခိုက်များဟုဆို

ဖားကန့် – တာမခန်လမ်းရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို KIAက ယခု ဩဂုတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆယ်ဇင်းဒေသ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့က ပြောသည်။

(ရှမ်းနီတပ်ဖွဲ့(SNA)တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရှမ်းနီတပ်ဖွဲ့(SNA)တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA)တပ်ဖွဲ့များရှိရာကို စစ်ကောင်စီက ဗုံးမှားကြဲမိ၍ ရှမ်းနီတပ်ဖွဲ့ဝင်များစွာ ထိခိုက်သေဆုံးခဲ့သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၁၁ရက်က ဆယ်ဇင်းဒေသရှိ ပန်ချယ်နှင့် နမ့်ကသာတို့ရှိ KIA တပ်များကို စစ်ကောင်စီ၊ ရှမ်းနီတပ် ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“၁၁ရက်နေ့ ဆယ်ဇင်းဘက်နမ့်ကသာ၊ပန်ချယ် KIA စခန်းကို ထိုးစစ်ဆင်တဲ့ SNA တပ်ဖွဲ့မြစ်ကြီးနားကလာတဲ့ လေယာဉ်ဗုံးမိလို့ SNA အယောက် ၃၀ကျော်သေဆုံးဒဏ်ရာရတယ်။ ဗုံးမှားကြဲတာပေါ့” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “PDFနဲ့ KIAကို လေယာဉ်နဲ့ဗုံးကြဲတာပေါ့။ ဒါပေမဲ့ ၂လုံးက သူတို့ဘက်ကိုပြန်ကျသွားတာ။ တော်တော်ကျတယ်။ လက်ရှိအခြေအနေက နှစ်ဖက်စစ်ရေးတင်းမာနေဆဲပဲ။လေယာဉ်ကဂျက်ဖိုက်တာ နှစ်စီးလာကြဲတယ်လေ။ ၁၀လုံးလောက်ချတာ နှစ်လုံးလောက်က သူတို့ဆီသွားထိတာ”ဟု ပြောသည်။