Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိတ္ထီလာတွင် နေအိမ် ၄၀ခန့်အား ကျူးကျော်ဟုဆိုကာ စစ်ကောင်စီ ဖယ်ရှား

စစ်ကောင်စီဘက်က တပ်သားအင်အားများလာရောက်ချထားပေးခဲ့၍ ယမန်နေ့က နေ့ချင်းပြီး ဖျက်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် နေအိမ် ၄၀ခန့်အား ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ နေအိမ်၄၀ခန့်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ ကျူးကျော်နေထိုင်နေသည်ဟုဆိုကာ စစ်ကောင်စီက စာထုတ်ဖယ်ရှားခိုင်းခဲ့ကြောင်း၊ ထို့နောက် ယမန်နေ့( အောက်တိုဘာ ၂၆ ရက်)တွင် နေအိမ်များအား ဖျက်သိမ်းဖယ်ရှားပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

“ကန်အောက်က(ကရဝိတ်အနီးက) ရပ်ကွက်ထဲဖျက်တာ။ အလုပ်အကိုင်တွေမှ အဆင်မပြေပါဘူးဆိုနေ ဘယ်များသွားနေကြမလဲ။ လက်တလောသူတို့ နေစရာမရှိဘူး။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က တပ်သားအင်အားများလာရောက်ချထားပေးခဲ့၍ ယမန်နေ့က နေ့ချင်းပြီး ဖျက်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင်လည်း ကျူးကျော်ဟုဆိုကာ ရပ်ကွက်အများအပြားအား ဖိအားပေးပြောင်းရွှေ့စေခိုင်းမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement