Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်​​တိုက်ပွဲ စစ်​ကောင်စီတပ်အများအပြား​သေဆုံးဒဏ်ရာ၊ PDF များလက်နက်မျိုးစုံ ၄၀ ဝန်းကျင်ရရှိ

Infinity Group က PDF တစ်ဦးက​ပေးပို့​သော သတင်းဓါတ်ပုံကို ​ဖော်ပြရာတွင် စစ်​ကောင်စီတပ်ထံမှ စက်လက်များအပါအဝင် လက်နက်မျိုးစုံအလက် ၄၀ ဝန်းကျင် ရရှိသည်ကို ပုံတွင်​တွေ့ရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)

ကန့်ဘလူမြို့နယ်​မြောက်ခြမ်းသို့စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ် နှင့် ပျူ စစ်​ကြောင်းကို ယ​နေ့နံနက်တွင် ​ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ​သေဆုံးသူ ၊ထွက်​ပြေးသူများပြားပြီး လက်နက်အများအပြားရလိုက်​ကြောင်း PDF အချို့ နှင့် ​ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

“လမ်းခုလတ်ကဖြတ်တိုက်တာ ​​ေး ​အ​ကောင် ၃၀​ကျော်​အ​သေ ၊ထွက်​ပြေးစာရင်းမသိရ​သေးဘူး ။လက်နက်အများအပြားရလိုက်တယ်”ဟုကန့်ဘလူမြို့နယ်မှ PDF တစ်ဦးက​ပြောသည်။

​ဒေသတွင်း​တော်လှန်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော Infinity Group ကလည်း ထိုစစ်​ကြောင်းမှာ စစ်​ကောင်စီတပ်သားနှင့် ပျူ စုစု​ပေါင်း ၃၀၀ ခန့်ပါပြီး PDF များကယ​နေ့(နိုဝင်ဘာ ၁၀ ) နံနက် ၅ နာရီမှ ၁၀ ရီအထိ ကြားဖြတ်တိုက်ခိုက်ရာ ၁၀၀ ဝန်းကျင်သေဆုံးပြီးလက်နက်အများအပြားရရှိခဲ့​ကြောင်း​ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)

စစ်​ကောင်စီတပ် ​သေဆုံးမှု အရအတွက်ကို People’s Spring ကဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

ထိုစစ်​ကြောင်းသည် နိုဝင်ဘာလ ၇ ရက်​နေ့မှစ၍ချပ်သင်းတိုက်နယ်မှ ကိုး​တောင်ဘို့တိုက်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်​ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“သေတဲ့​ကောင်​တွေအများကြီးပဲ။​ပြေးမိ​ပြေးရာ ထွက်​ပြေးသွားတဲ့​ကောင်​တွေလဲ အများကြီး။လက်နက်​တွေလဲ အများကြီးပဲရတယ်။အားရစရာကြီးအကို​ရေ။ ” ဟု တိုက်ပွဲအ​ခြေအ​နေကို ​ရှေ့တန်းမှ သတင်းရင်းမြစ်တစ်ဦးက ​ပြော​ကြောင်း Infinity Group က​ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)

Infinity Group က PDF တစ်ဦးက​ပေးပို့​သော သတင်းဓါတ်ပုံကို ​ဖော်ပြရာတွင် စစ်​ကောင်စီတပ်ထံမှ စက်လက်များအပါအဝင် လက်နက်မျိုးစုံအလက် ၄၀ ဝန်းကျင် ရရှိသည်ကို ပုံတွင်​တွေ့ရသည်။

ကန့်ဘလူ မြို့နယ်တွင် နာမည်ကြီး ပျူ​ခေါင်​ဆောင်သဃာန်းဝတ် ဦးဝါသဝ နယ်ဖြစ်ပြီး ယ​နေ့တိုက်ပွဲဖြစ်ပြီး ​သေဆုံးထွက်​ပြေး​သောပျူများတွင် ဦးဝါသဝ ​မွေးထား​သောပျူများပါဝင်​ကြောင်းPDF အချို့က​ပြောသည်။