Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မနောကွင်းအတွင်း KIA/KIOအလိုမရှိဟု ဆန္ဒထုတ်ဖော်သူ လူတစ်စုအား မေးမြန်းရာထွက်ပြေးသွားဟု ကချင်WHG အသိပေး

ယမန်နေ့ (နိုဝင်ဘာ ၉ရက်)မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က လူဦးရေ ၅ဝခန့် ပါဝင်သော အမည်မသိ လူတစ်အုပ်စုက မနောတိုင်ရင်ပြင်ရှေ့တွင် KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

(မနောကွင်းအတွင်း၌ ဆန္ဒပြနေသည်ကို ယမန်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မနောကွင်းအတွင်း၌ ဆန္ဒပြနေသည်ကို ယမန်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်တစ်မျိုးသားလုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော် ဆန္ဒထုတ်ဖော်သူ လူတစ်စုအား မေးမြန်းနေစဥ် ကစဉ့်ကလျားထွက်ပြေးသွားပြီး အဆိုပါလူတစ် စု၏လုပ်ရပ်အား ကချင်တစ်မျိုးသားလုံးက ကန့်ကွက်ကြောင်း ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ(WHG)က ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၉ရက်)မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က လူဦးရေ ၅ဝခန့် ပါဝင်သော အမည်မသိ လူတစ်အုပ်စုက မနောတိုင်ရင်ပြင်ရှေ့တွင် KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူတစ်စုအား အချိန်နှင့် တစ်ပြေးညီ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ (WHG)တာဝန်ရှိ ပုဂ္ဂိုလ်များမေးမြန်းနေစဉ် ကစဉ့်ကလျား ထွက်ပြေးသွားကြသည်ဟု WHGက ထုတ်ပြန်သည်။

ဆန္ဒပြသူများသည် ၎င်းတို့၏မျက်နှာအား အမြင်မခံဘဲ Mask များဖြင့် ဖုံးအုပ်ထားကြောင်း၊ စစ်တပ်အသိုင်းအဝိုင်းက နေ့စားခပေး၍ ခိုင်းစေခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံများက သုံးသပ်သည်။

ထိုလူတစ်စု၏လုပ်ရပ်ကို ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက သိရှိခြင်းမရှိသည့်အပြင် ခွင့်ပြုထားရှိခြင်းလည်းမရှိကြောင်းနှင့် ကချင်တစ်မျိုးသားလုံးကလည်း ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နောက်နောင်တွင် ကချင်လူမျိုးရိုးရာယဉ်ကျေးမှုနှင့် ကချင်တစ်မျိုးသားလုံးနှင့် ဆိုင်သော အဆောက်အဦး၊ ပရဝဏ်နှင့် ရင်ပြင်အတွင်း ဤကဲ့သို့သော ဖြစ်ရပ်များကို လုံးဝ(လုံးဝ) ခွင့်ပြုမည် မဟုတ်ပါကြောင်းနှင့် အလားတူဖြစ်ရပ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းWHGက သတိပေးထားသည်။