Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများမဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက်

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများမဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက်
ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများမဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက်

စောနွေဦး/People’s Spring

ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ အထက်ပိုင်ဆိုင်ထားသူများ စစ်ကောင်စီထံ မဖြစ်မနေမှတ်ပုံတင်ထားရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဇွန် ၂၄ ရက်တွင်ထုတ်ပြန်ကန့်သတ်လိုက်သည်။

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

“တကယ်တန်းတော့ ဆန်တွေဘယ်နားမှာသိုလှောင်ထားတယ်ဆိုတာ သူတို့(စစ်ကောင်စီ)သိထားချင်တာရယ်။ သူတို့လိုလာရင် ချက်ချင်းတောင်းနိုင်အောင်လို့ အခုလို လုပ်နေတာပါ။ ပြည်သူအတွက်တော့ မဟုတ်ပါဘူး”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီထံ ဆန်စပါးသို့လှောင်ရုံ ၇၂၆ လုံး စာရင်းရရှိထားသည်ဟုလည်း စစ်ကောင်စီကဆိုသည်။ ထိုသို့ စာရင်းများရရှိရန် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကတည်းက ကြံစည်​နေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်က ​ဒေါ်လာရရန် ပြည်ပသို့ဆန်အများအပြားတင်ပို့ခြင်း ၊ပြည်သူများစစ်​ဘေး​ရှောင်ထွက်​ပြေးရ​သောပြည်သူများလာပြီး စိုက်ပျိုးမှု​လျော့ကျခြင်း ၊ နိုင်ငံစီးပွား​ရေးကြပ်တည်းကာ စစ်​ကောင်စီက​ငွေစက္ကူအများအပြားရိုက်ထုတ်သဖြင့် နိုင်ငံအတွင်း ဆန်အပါအဝင် ကုန်ဈေးနှုန်းများမြင့်တက်လာပြီး ဆန်ဈေးသည် စစ်တပ်အာဏာမသိမ်းခင်ကထက် ၃ ဆကျော်မြင့်တက်လာခြင်းဖြစ်သည်။

ဆန်ဈေးမြင့်တက်လာချိန်တွင် စစ်ကောင်စီက ၎င်းတို့ သတ်မှတ်နှုန်းအတိုင်းရောင်းချရန် သတ်မှတ်ထားပြီး ဆန်ဝယ်ယူရာတွင်လည်း အိမ်ထောင်စုစာရင်း၊မှတ်ပုံတင်စသည့်တိုပြသပြီး တန်းစီဝယ်ယူ​နေကြရသည်။

စစ်ကောင်စီက ဆန်ကြမ်းတအိတ်ကို ကျပ် ၇၀၀၀၀ ဝန်းကျင် နှင့် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၃၅,၀၀၀ ဖြင့်​ရောင်းချရန်သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ဆန်ကြမ်းတအိတ် ကျပ် ၉၀,၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၈၀,၀၀၀ ပေါက်ဈေးရှိနေသည်။

ထိုပြင် စစ်ကောင်စီက ဈေးကွက်အတွင်းရောင်းချနှုန်းမှုကို၎င်းတို့သတ်မှတ်နှုန်း၏ ၅ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းသာ ကွာခြားရန်နှင့် စူပါမားကတ်၊မီနီမတ်များတွင် ၁၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကွာခြားရန်လည်း သတ်မှတ်ထားသည်။

သတ်မှတ်နှုန်းအတိုင်းမရောင်းချသည့် ဆန်ဆိုင်၃၀၀ကျော်ကို စစ်ကောင်စီက ဝန်ခံကတိထိုးခိုင်းပြီး မထိုးပါက ထောင်ဒဏ် ၆ လမှ တစ်နှစ်အထိချမှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီက ဖိအား​ပေးပြီး ဆန်စပါးဈေးနှုန်းကို သတ်မှတ်ပြီးနောက် ဆန်စပါးဈေးကွက်အတွင်း အရောင်းအဝယ်ရပ်တန့်နေသည်။

ထိုအပြင်စစ်​ကောင်စီသည် ဆန်​ဈေးတက်သည်ဆိုကာ ဆန်းစပါးအသင်း ဥက္ကဌ အပါအဝင် လုပ်ငန်းရှင်များကို ဖမ်းဆီး စစ်​ဆေးခဲ့​သေးသည်။

ဆန်​ဈေးတက်သည်ဆိုကာ ဆန်ကုန်သည်များ ၊ဆန်ဆိုင်များကို ခြိမ်း​ခြောက်ကန့်သတ်​နေ​သော်လည်း လက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ယူနိုင်​ရေး ​ဒေါ်လာရရန်အတွက် စစ်​ကောင်စီက ဆန်ကို ပြည်ပသို့ ဆက်လက်​ရောင်းချ​နေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် တစ်သန်း​ကျော်တင်ပို့ခဲ့ပြီး ယခုနှစ် ​မေလတစ်လတည်းမှာပင် တန်ချိန် ခုနှစ်​သောင်း​ကျော်တင်ပို့ထားသည်။

ဆန်​ဈေးများတက်​နေ​သော်လည်း၂၀၂၄-၂၀၂၅ ဘဏ္ဍာ​ရေးနှစ်တွင် စစ်​ကောင်စီနှင့် ဆန်စပါးအသင်းချုပ်က ဆန်တင်ပို့မှုကိုစံချိန်တင်၍ တန်ချိန် ၂ သန်းတင်ပို့ရန် လျာထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

သတင်း

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

သတင်း

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နှင့် မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း MDY-PDFနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် ထိုးစစ်များ အတူဆောင်ရွက်ခဲ့သည်။