Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုမြို့ရှိ စစ်ကောင်စီရုံးအချို့ကို TNLAပူးပေါင်းတပ် သိမ်းပိုက်

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီရုံးအချို့ကို TNLAပူးပေါင်းတပ် သိမ်းပိုက်
နောင်ချိုမြို့ရှိ စစ်ကောင်စီရုံးအချို့ကို TNLAပူးပေါင်းတပ် သိမ်းပိုက်

▪️တိုက်ပွဲအတွင်း ကျည်ထိမှန်၍ အရပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မက်ကစံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ် ကောင်စီ​၏ ဌာနဆိုင်ရာရုံးအချို့ကို တအောင်းတပ်မတော်(TNLA)ပူးပေါင်းတပ် သိမ်းထားပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၂၅) နံနက်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ​၏ ခမရ(၁၁၄)နှင့် (၁၁၅)တပ်ရင်းအား TNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်ကြမ်းကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“ကားဆရာက အရင်ရွှေနောင်ချိုကားဆရာ ကိုဘုန်းနိုင်တဲ့။ ဘယ်ဘက်ကပစ်လို့ ထိတာလဲတော့မသိဘူး”ဟု နောင်ချိုဒေသခံက ပြောသည်။

ထို့အပြင် TNLA ပူးပေါင်းတပ်များက နောင်ချိုမြို့အတွင်း ဝင်ရောက်လာပြီး မြို့တွင်းတိုက်ပွဲဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

နေ့လယ်ပိုင်းတွင် မြို့ရှိ ဆေးရုံ၊ မိုးဇလရုံးနှင့် မီးသတ်ရုံးအား သိမ်းယူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။ ထို့အပြင် ရဲစခန်းအား သိမ်းယူရန်တိုက်ခိုက်နေပြီး အဆိုပါနေရာတွင် ပစ်ခတ်မှုဖြစ်နေသည်ဟု ဒေသခံက နေ့လယ်ပိုင်းတွင် ပြောသည်။ သို့သော် ရဲစခန်းအား TNLAပူးပေါင်းတပ် သိမ်းပိုက်မှုအခြေအနေကို မသိရသေးပေ။

” ဈေးနားလေးမှာ စစ်သားတွေက မိုက်တဲ့ကောင်ထွက်ခဲ့အော်နေတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားသည်ဟု ၎င်းက ဆက်ပြောသည်။

“ဘူတာရပ်ကွက်မှာ သေနတ်နဲ့ပစ်လို့ နေအိမ်တံတာပိတ်တုန်းမှာ သေနတ်ကျည်ထိမှန်တာ”ဟု ဒေသခံက ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇စစ်ဆင်ရေးအဆက်ဟု တရားဝင်ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ယနေ့(ဇွန်လ ၂၅)တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

သတင်း

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

သတင်း

မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။

သတင်း

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။