Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုမြို့တိုက်ပွဲ စစ်ကောင်စီတပ်ထိခိုက်မှုရှိ

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

(နောင်ချိုတွင် ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DPLF)
(နောင်ချိုတွင် ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DPLF)

▪️မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု DPLF ပြော

မက်ကစံ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု တိုက်ပွဲအတွင်းပါဝင် တိုက်ခိုက်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

” လောလောဆယ် နောင်ချိုမှာစစ်ဆင်ရေးဖွင့်တာဖြစ်တဲ့အတွက် ၁၄၄၊ ၁၅၅ နဲ့လည်းထိတွေ့မှုတော့ရှိပါတယ်။ ဒီနေ့ ညနေ ၅နာရီခွဲလောက် လတ်တလောမှာတော့ မြို့ထဲမှာတိုက်ပွဲဖော် ဆောင်နေတာရှိတယ်”ဟု ၎င်းက ပြောသည်။

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်ကတော့ ထိခိုက်မှုကတော့ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုအနည်းငယ်တော့ရှိတယ်”ဟု DPLF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတွင် တအာင်းတပ်မတော်(TNLA)က ဦးဆောင်ပြီး မန္တလေး PDF၊ DPLFအပြင် ဒေသခံအခြား PDFများလည်း ပါဝင်တိုက်ခိုက်နေသည် ဟု ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအချို့ကို တအောင်းတပ်မတော်(TNLA)ပူးပေါင်းတပ်က သိမ်းထားပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၂၅) နံနက်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ(၁၁၄)နှင့် (၁၁၅)တပ်ရင်းအား TNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်ကြမ်းကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“ကားဆရာက အရင်ရွှေနောင်ချိုကားဆရာ ကိုဘုန်းနိုင်တဲ့။ ဘယ်ဘက်ကပစ်လို့ ထိတာလဲတော့မသိဘူး”ဟု နောင်ချိုဒေသခံက ပြောသည်။

ထို့အပြင် TNLA ပူးပေါင်းတပ်များက နောင်ချိုမြို့အတွင်း ဝင်ရောက်လာပြီး မြို့တွင်းတိုက်ပွဲဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

နေ့လယ်ပိုင်းတွင် မြို့ရှိ ဆေးရုံ၊ မိုးဇလရုံးနှင့် မီးသတ်ရုံးအား သိမ်းယူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။ ထို့အပြင် ရဲစခန်းအား သိမ်းယူရန်တိုက်ခိုက်နေပြီး အဆိုပါနေရာတွင် ပစ်ခတ်မှုဖြစ်နေသည်ဟု ဒေသခံက နေ့လယ်ပိုင်းတွင် ပြောသည်။ သို့သော် ရဲစခန်းအား TNLAပူးပေါင်းတပ် သိမ်းပိုက်မှုအခြေအနေကို မသိရသေးပေ။

ထို့အပြင် နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားသည်ဟု ၎င်းက ဆက်ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇စစ်ဆင်ရေးအဆက်ဟု တရားဝင်ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ် မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဇွန်လ ၂၅ရက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင်လည်း ဖားဆောင်းမြို့သိမ်းနိုင်ရေးအပါအသင် ကရင်နီပြည်နယ်ရှိ စစ်ဒေသအသီးသီး၌ KNPLF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားနေသည်။

သတင်း

မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။

သတင်း

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက်မှစတင်၍ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို လွေးယေဦးက ရှင်းပြခြင်းဖြစ်သည်။

သတင်း

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။