Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို ပြတ်သားစွာတိုက်ခိုက်ချေမှုန်းပြီး လက်နက်ချကို လူ့ဂုဏ်သိက္ခာနှင့်အညီထားမည်ဟု ကလလတ ဥက္ကဌပြော

လက်ရှိတွင်လည်း ဖားဆောင်းမြို့သိမ်းနိုင်ရေးအပါအသင် ကရင်နီပြည်နယ်ရှိ စစ်ဒေသအသီးသီး၌ KNPLF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားနေသည်။

(ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်အား တွေ့ရစဥ်)
(ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်အား တွေ့ရစဥ်)

ရဲခေါင်/People’s Spring

စစ်ကောင်စီကို ပြတ်သားစွာတိုက်ခိုက်ချေမှုန်းမည်ဖြစ်ပြီး လက်နက်ချသည့် မည်သည့်အဆင့်ကိုမဆို လူ့ဂုဏ်သိက္ခာနှင့်အညီထားမည်ဟု ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်က ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၂၆ ရက်)ကျရောက်သည့် KNPLF ဖွဲ့စည်းမှု (၄၆)နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“စစ်မြေပြင်မှာ စစ်ပွဲမှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဟာ ရန်သူကိုလုံးဝပြတ်သားစွာ တိုက်ခိုက်ချေမှုန်းမှာဖြစ်သော်လည်းလက်နက်ချတဲ့ ရန်သူတပ်ဗိုလ်တပ်သားမည်သည့်အဆင့်ကိုမဆို အဖွဲ့အစည်းရဲ့ သုံ့ပန်းပေါ်လစီနဲ့အညီစနစ်တကျ ကိုင်တွယ်သွားမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ထွန်းကျော်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တပ်ဖွဲ့၏ အရေးအကြီးဆုံးတာဝန်ဖြစ်သည့် ပြည်သူများ၏ အသက်နှင့်အိုးအိမ် ကာကွယ်စောင့်ရှောက်မှုဖြစ်ပြီး ဖျက်လို၊ဖျက်ဆီးလုပ်သည့် ရန်သူမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းမည်ဟုလည်း ဥက္ကဌက အသိပေးသည်။

လက်ရှိကာလတွင် ပြည်တွင်း၊ပြည်ပ အခြေအနေအရပ်ရပ်ကြောင့် KNPLF အပါအဝင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တွန်းလှန်နေသည့်ပါတီအဖွဲ့အစည်းတိုင်းအတွက် တော်လှန်ရေးအောင်ပွဲရရှိရန် မလွှဲမသွေ ဆောင်ရွက်ရမည့် စိန်ခေါ်မှု သုံးခုကို ရင်ဆိုင်နေရ ကြောင်းလည်း မိန့်ခွန်း၌ ဖော်ပြသည်။

စိန်ခေါ်မှုများအနက် မိမိပါတီအဖွဲ့အစည်းကို အတွေးအခေါ်အရ၊နိုင်ငံရေးအရ ၊စည်းရုံးရေးအရ စနစ်တကျတည်ဆောက်နိုင်မှသာ အဖိနှိပ်ခံလူမျိုးပေါင်စုံ ပြည်သူများနှင့် တစ်စည်းတစ်လုံးတည်ရှိရေး၊ဘုံရန်သူကို ပြတ်သားစွာတိုက်ခိုက်ရေး မဟာမိတ်များနှင့် သွေးစည်းညီညွတ်ရေး တာဝန်များကို ဖော်ဆောင်နိုင်မည်ဟု ဆိုသည်။

တပ်တည်ဆောက်ရေးတွင်လည်း ပြည်သူကိုဖိနှိပ်သည့်တပ်၊ရန်မှုသည့်တပ်နှင့် ဗိုလ်ကျသည့် တပ်မျိုး မဖြစ်ရန်လိုပြီး လူမျိုးနှင့်ဘာသာကိုခုတုံးလုပ်၍လည်း တပ်မတည်ဆောက်သင့်ကြောင်းလည်း သတိပေးသည်။

ထို့အပြင် စစ်အုပ်စုတစ်စုတည်းကိုသာ အကာအကွယ်ပေးနေရသည့် စစ်ကောင်စီကဲ့သို့ ကြေးစားတပ်သဖွယ် မဖြစ်ရန်လည်း KNPLF ဥက္ကဌက ပြောသည်။

တပ်ပေါင်းစု/မဟာမိတ်တည်ဆောက်ရေးအပိုင်းတွင်လည်း အနိမ့်ဆုံးအဆင့်၊ ရန်သူ့သတင်းဖလှယ်မှုအပါအဝင် ဆေးဝါး၊လက်နက်၊အတက်ပညာကိုအပြန် အလှန်ကူညီကာ ရန်သူကိုတိုက်ခိုက်ရာတွင် ညီညွတ်သော တပ်ပေါင်းစုသို့မဟုတ် မဟာမိတ်အဖွဲ့အစည်း ထြစ်လာရေးလုပ်ဆောင်ကြရန် တိုက်တွန်းသည်။

စစ်ရေးဆိုင်ရာစိန်ခေါ်မှုများစသည့် အကြောင်းအချက်အမျိုးမျိုးများ၏အောက်၌ မလွှဲသာမရှောင်သာ၍ ၁၉၉၄ မေလ ၉ရက်တွင် (နအဖ)စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရကာ ၁၉၉၄ ခုနှစ်ကစ၍ ပြည်သူ့စစ်၊နယ်ခြားစောင့်တပ်စသဖြင့် စစ်အုပ်စုက ၎င်းတို့ လက်ကိုင်တုပ်အဖြစ် ပြောင်းလဲခဲ့သည်။

သို့သော် မယ်စဲ့မြို့သိမ်းနိုင်ရန် ၂၀၂၃ ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီ၏ BGF အဖြစ်မှ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖြစ် KNPLF က ပြောင်းလဲနိုင်ခဲ့သည်။

လက်ရှိတွင်လည်း ဖားဆောင်းမြို့သိမ်းနိုင်ရေးအပါအသင် ကရင်နီပြည်နယ်ရှိ စစ်ဒေသအသီးသီး၌ KNPLF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။

သတင်း

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက်မှစတင်၍ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို လွေးယေဦးက ရှင်းပြခြင်းဖြစ်သည်။

သတင်း

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

သတင်း

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။