Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်ရင်းတစ်ခုသာကျန်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လေးရက် မြောက်ဖြစ်သည့် ဇွန်လ ၂၈ရက်စစ်ရေးအခြေအနေကို ယနေ့(ဇွန်လ ၂၈ရက်)ညပိုင်း၌ ထုတ်ပြန်လာခြင်းဖြစ်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️မြို့နယ် ၅ခု၌ တိုက်ပွဲများဖြစ်ပြီး စစ်ဆင်ရေး ၄ရက်မြောက်အထိ စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်

▪️နောင်ချို ရဲစခန်းမှ သိမ်းပိုက်ရရှိသည့် မူးယစ်ဆေးဝါးများ အများပြည်သူရှေ့၌ ဖျက်ဆီးမည်ဟု TNLA ပြော

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုသာကျန်တော့ပြီး ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လေးရက် မြောက်ဖြစ်သည့် ဇွန်လ ၂၈ရက်စစ်ရေးအခြေအနေကို ယနေ့(ဇွန်လ ၂၈ရက်)ညပိုင်း၌ ထုတ်ပြန်လာခြင်းဖြစ်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ယနေ့ သတင်းများအရ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်စသည့်မြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ယနေ့ ညနေပိုင်း၌ ကျောက်မဲမြို့နယ် ဂုတ်တွင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့တွင် စစ်ကောင်စီ၏ အမှတ်(၆၀၆) တပ်စခန်းတစ်ခုသာကျန်ရှိပြီး အဆိုပါစခန်းအား တအာင်းတပ်မတော် TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲ့တို့ က ယနေ့ ညနေပိုင်း၌ ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဇွန်လ ၂၇ရက် ညပိုင်းကလည်း နောင်ချိုမြို့ ခမရ(၁၁၄)တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ဇူလိုင် ၂၆ရက်ကလည်း ခမရ (၁၁၅)တပ်စခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထားသည်ဟု အသိပေးသည်။

နောင်ချို့မြို့သိမ်းတိုက်ပွဲကို တအာင်းတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်လျက်ရှိရာ နောင်ချိုရဲစခန်းသိမ်းပိုက်စဉ် မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

အဆိုပါ မူးယစ်ဆေးဝါးများ၏ အရေအတွက် ဖော်ပြထားခြင်းမရှိသော်လည်း မှတ်တမ်း ဓာတ်ပုံများအရ ရာမ ဆေးပြားအများအပြားနှင့် ပါဝင်သည်ကို တွေ့ရသည်။ ထို့ပြင် အခြား မူးယစ်ဆေးဝါး ပစ္စည်းများ ဖမ်းမိခဲ့သည်ဟုဆိုသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

“မူးယစ်ဆေးဝါးတွေကို အခြေအနေကောင်းသွားရင် အများပြည်သူရှေ့မှာဖျက်ဆီးတာမျိုးဒါမှမဟုတ်ရင်နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ အများပြည်သူ ရှေ့မှောက်မှာ အဲဒီလိုမျိုးတိုက်ဖျက်တာ လုပ်ဆောင်သွားမှာပါ” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ထို့အပြင် TNLAနှင့် MDY PDF ပူးပေါင်းတပ်သည် ယနေ့ နံနက်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ (၅၀၁)၊ ခမရ(၅၀၂) တပ်စခန်းအား ထိုးစစ်ဆင်ခဲ့ကြောင်း၊ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းအား ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

TNLA ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ ၂၅ရက်က စတင်ခဲ့ရာ စစ်ဆင်ရေး လေးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ချသူများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။

သတင်း

ကုလအစီရင်ခံတွင် ထိုင်းSCBဘဏ်သည် စစ်ကောင်စီအတွက် ၂၀၂၃တွင် ငွေပေးချေမှုက ဒေါ်လာ ၅ သန်းသာရှိခဲ့သော်လည်း ၂၀၂၄တွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိမြင့်တက်သွားသည်ဟု အစီရင်ခံစာက​ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီကို အားပေး၊ထောက်ခံ၊ ကူညီသော မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ကြရန်လည်း အသိပေးကြောင်း ဖော်ပြထားသည်။

သတင်း

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက အန်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ Kaohoon သတင်းဌာနကို ပြောကြားခဲ့ပါတယ်။