Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်ရှိ သံဃာတော်များ ကံဆောင်သပိတ် ပါဝင်လာ

ဝက်လက်မြို့နယ်ရှိ သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)

▪️ဒီပဲယင်းမြို့နယ်ရှိ သံဃာတော်များ မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် ပါဝင်လာပြီး ဒီပဲယင်းမြို့နယ် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြခဲ့သည်။

ဇွန်လ ၂၄ ရက်က ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ပြုလုပ်ပြီးနောက် ယနေ့ (ဇွန်လ ၂၈ရက်) နံနက်ပိုင်းတွင် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း၊ ပြည်သူလူထု ၅၀၀ခန့်ကလည်း လိုက်ပါဝန်းရံဆန္ဒပြခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – CJ)

“ဒီကနေ့ပွဲကတော့ သံဃာထုနဲ့ပြည်သူလူထု ပူးပေါင်းပြီး ဘာသာ သာသနာကိုစော်ကားနေတဲ့ အကြမ်းဖက်စစ်တပ်ကို သပိတ်မှောက်ဆန္ဒပြတဲ့ပွဲ ဖြစ်ပါတယ်။ ဘာသာဖျက်သာသနာဖျက် စစ်မိစ္ဆာတွေကို ဆန္ဒပြတဲ့ပွဲဖြစ်ပါတယ်။”ဟု သပိတ်ဦးဆောင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

Public Service Announcement

Public Service Announcement

အလားတူ ဝက်လက်မြို့နယ်ရှိ သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – CJ)

ကံဆောင်သပိတ်ပြုလုပ်မှုကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာနှင့် ဝက်လက်မြို့နယ်များ၌လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်နှင့်ပခုက္ကူမြို့နယ်များ၌လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၉ မြို့နယ်အထိ ရှိလာသည်။

ဒီပဲယင်းမြို့နယ်၌ သံဃာတော်များ လမ်းလျှောက်ချီတက်ဆန္ဒပြချိန်တွင် မြို့နယ်ပကဖနှင့် တိုက်နယ်ပကဖများက လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့ပြီး အနှောင့်အယှက်တစုံတရာမရှိဘဲ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – CJ)

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်လာခြင်းဖြစ်သည်။

(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီးနောက် မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – CJ)

ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်​များကလည်း စစ်ကောင်စီသည် ဗုဒ္ဓသာသနာနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အလုံးစုံဖြိုချခြင်း(Year Zero) လုပ်ဆောင်လာသောကြောင့် သံဃာတော်များ အလျှော့မပေးစတမ်း ခုခံကြရန်၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် သဘောထားထုတ်ပြန်ထားသည်။

၂၀၀၇တွင် စစ်အစိုးရက လောင်စာဆီထောက်ပံ့ပေးမှုရပ်ဆိုင်းပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်လာရာမှ သံဃာတော်များဦးဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြပြီး စစ်အစိုးရအား ကံဆောင်သပိတ်မှောက်ခဲ့ကြသည်။ ၂၀၀၇ ဩဂုတ် ၁၅ရက်စတင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များက စက်တင်ဘာ ၂၆ရက်အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ယနေ့(ဇွန်လ ၂၇ ရက်) နေ့လယ် ၁၂ နာရီတွင် ပဲခူးမြို့ ၀င်းနိမ္မိတာရုံကျောင်းတိုက်မှ ဆရာတော်ကြီး၏ ဥတုဇရုပ် ကလပ်တော်အား ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင် မီးပူဇော်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်နေသည်။

နိုင်ငံတကာ

ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခပ်ကြမ်းကြမ်း တုံ့ပြန် ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်တွေအပြင် ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဗုံးတွေကိုပါ အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သပိတ်ဦးဆောင်ရာတွင်ပါဝင်သည့် ချောင်းဦးဆရာတော်နှင့် လူထုနွေဦး၏ ​မေးမြန်းခန်းကို ဖော်ပြလိုက်ပါသည်။

သတင်း

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။